သင့်အရေပြားမှတဆင့် သင့်ကျန်းမာရေးအခြေအနေကို သိသာစေတဲ့ အချက်များ

အရေပြားရောဂါ အထူးကုဆရာဝန်ဆီ ပုံမှန်လေးသွားပေးဖို့ ထူထောင်ရမယ့် အလေ့အကျင့်ကောင်း တစ်ခုဖြစ်တယ်။ ဆရာဝန်တွေဟာ ကျန်းမာရေးနဲ့ပတ်သက်လို့ အခြေခံလက္ခဏာ သဘောတရားများကို သိမြင်နိုင်သူတွေဖြစ်တယ်။ မျက်စိနဲ့မမြင်နိုင်တဲ့ ရောဂါလက္ခဏာတွေကို သတိထားမိပြီဆိုရင် ဆရာဝန်ဆီသွားပြီး ဘာ့ကြောင့်ဒီလိုတွေဖြစ်တယ်ဆိုတာ စစ်ဆေးရင်း ဆေးကုသမှုခံယူသင့်ပါတယ်။
မျက်လုံးများအဝါရောင်သမ်းလာခြင်း
မျက်လုံးအဝါရောင်သမ်းလာတာတွေဟာ sclera icterus ခေါ် ရောဂါလက္ခဏာအခြေအနေ တစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ ဒီရောဂါကြောင့် အသည်းရဲ့လုပ်ဆောင်ချက် ပုံမမှန်တာတွေဖြစ်စေတတ်ပါတယ်။
အသားအရောင် သိသိသာသာပြောင်းလဲလာခြင်းနဲ့ အသားရေမွဲခြောက်လာခြင်း
နေရောင်ခြည် ထိတွေ့မှုဟာ အသားအရောင်ပြောင်းလဲခြင်းရဲ့ တစ်ခုတည်းသော အချက်တော့ မဟုတ်ပါဘူး။ အထူးသဖြင့် လည်ပင်းတဝိုက်၊ ချိုင်းအောက် ဒါမှမဟုတ် ပေါင်ခြံအရေပြားတွေ မွဲခြောက်ခြောက်အရောင် အကွက်လိုက်ဖြစ်ပေါ်လာခြင်းဟာ ဆီးလွန်၊ ဆီးချိုရောဂါလက္ခဏာတစ်ခုလည်းဖြစ်နိုင်တယ်။
အသားရေ  သို့မဟုတ် ခြေ၊လက်သည်းတွေ ခြောက်သွေ့လာခြင်း
အသားအရေခြောက်သွေ့လာပြီး ဆံပင်နဲ့ လက်၊ခြေသည်းတွေ ကျိုးလွယ်ပဲ့လွယ် အခြေအနေဖြစ်လာတယ်ဆိုရင် တိုက်ဖွိုက်ရာဂါလက္ခဏာ အခြေအနေကို ပြနေတာလည်းဖြစ်နိုင်ပါတယ်။ အသားအရေတွေဆိုတာမျိုးဟာ အဖုအထစ်၊ ယောက်ရမ်းနေခြင်း သို့မဟုတ် ထိရှရာတွေကင်းပြီး အမြဲတမ်းစိုပြေချောမွေ့နေသင့်တာပါ။ နောက်ပြီး အသားရေ ခြောက်သွေ့နေခြင်းဟာ ဗီတာမင် အေ နဲ့ လိုအပ်တဲ့ အဆီအက်စစ်ဓာတ်တွေကို အလုံအလောက် မရရှိခြင်းကြောင့်လည်းဖြစ်နိုင်တယ်။
နှုတ်ခမ်းအက်ကွဲခြင်း
ခြောက်သွေ့လို့ ပါးစပ်နားတစ်ဝိုက် အက်ကွဲလာတာတွေဟာ ဗီတာမင် ဘီနဲ့ ဗီတာမင် B6 မလုံလောက်တဲ့ လက္ခဏာကို ပြသခြင်းမျိုး ဖြစ်နိုင်ပြီး အဲဒီလိုအပ်တဲ့ ဗီတာမင်တွေကို ငါးသေတ္တာဗူးနဲ့ B6 ကိုတော့ ကုလားပဲတို့ကနေ ရရှိနိုင်ပါတယ်။
Source: womenshealthmag
Victor.PaaTung
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment