Harry Potter ဇာတ်လမ်းရဲ့ မင်းသမီးလေး Emma Watson ဟာ လတ်တလော ခေတ်စားနေတဲ့ ဟောလီးဝုဒ်အနုပညာရှင်တွေရဲ့ အဖော်အချွတ်ဓါတ်ပုံ ပျံနှံ့မှုတွေရဲ့ နောက်ဆုံးပစ်မှတ် ဖြစ်လာတယ်လို့ ထိုဓါတ်ပုံတွေကို ခိုးယူနေတဲ့ Hacker က သတိပေးလိုက်ပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့က “Emma You Are Next” လို့အမည်ရတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို ဖန်တီးခဲ့ပြီး ထို Hacker က သတိပေးခဲ့တာဖြစ်ပါတယ်။ ထို ၀က်ဘ်ဆိုက်မှာ Emma Watson ရဲ့ ပွဲတက်နေတဲ့ ဓါတ်ပုံတစ်ပုံကို ၀ါးထားပြီး အချိန်ရေတွက်တဲ့ နာရီတစ်လုံးကို ဖော်ပြထားပါတယ်။ လေးရက်အတွင်း ဓါတ်ပုံတွေ ဖြန့်မယ်လို့ လည်း ရေးထားပါတယ်။
Emma Watson ဟာ UN က ပြုလုပ်တဲ့ HeForShe အစီအစဉ်မှာ မိန်းမ၀ါဒကို မိန့်ခွန်းအဖြစ် ထုတ်ဖော်ပြောကြားခဲ့တဲ့အတွက် ယခုလို ခြိမ်းခြောက်ခံရတာဖြစ်တယ်လို့ London’s Telegraph သတင်းဋ္ဌာနရဲ့ပြောကြားချက်အရသိရပါတယ်။
Ref:starpulse.com
Mario
Source:trend.com.mm
Home
Celebrity
အနုပညာ
UN မှာ မိန်းမ၀ါဒ အကြောင်း မိန့်ခွန်းပြောပြီးတဲ့နောက် အဖော်အချွတ် ဓါတ်ပုံဖြန့်သူတွေရဲ့ နောက်ဆုံး ပစ်မှတ် ဖြစ်လာတဲ့ Emma Watson
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment