မန္တလေးမြို့ရှိ ရွှေနန်း တော်ကျောင်းကြီးမှ ရှေးဟောင်းသစ်သားလက်ရာများအား
ပြုပြင် ထိန်းသိမ်းနိုင်ရန် စက်တင်ဘာ ၁၅ ရက်မှစတင်၍ ကွင်းဆင်းလေ့
လာသွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထောက်ခံချက်နှင့် ကမ္ဘာ့အထိမ်း
အမှတ်အဆောက်အအုံများရန်ပုံ ငွေအဖွဲ့ (WMF)၏ အစီအစဉ် ဖြင့် မန္တလေးမြို့ရှိ
ရွှေနန်းတော် ကျောင်းကို ပြုပြင်ထိန်းသိမ်း သွားမည်ဖြစ်သည်။
ဗြိတိန်နိုင်ငံမှ သစ်သားထိန်းသိမ်းရေးလုပ်ငန်း လုပ်ဆောင်နေသော ပညာရှင်
တစ်ဦးမှ ဦးဆောင်ကာ သုတေ သနပြုလေ့လာပြီး မန္တလေးမြို့ရှိ
အမေရိကန်စင်တာတွင်လည်း တွေ့ရှိချက်များကို ပြန်လည်ပို့ချ ခြင်းများ
ပြုလုပ်သွားမည်ဖြစ် ကြောင်း ယင်းစင်တာမှ တာဝန်ရှိ သူကပြောသည်။
‘‘ရွှေကျောင်းကြီးကို အဓိက သစ်သားနဲ့တည်ဆောက်ထား တာကြောင့်
ရေရှည်ခိုင်ခံ့အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ အရင်ကွင်းဆင်းတဲ့သဘောပါ’’ ဟု
အဆိုပါတာဝန်ရှိသူက ပြော သည်။
တွေ့ရှိချက်များ ဟောပြော ပို့ချမည့်ပွဲကို စက်တင်ဘာ ၁၇ ရက်တွင်
မန္တလေးမြို့ အမေရိ ကန်စင်တာ၌ ပြုလုပ်သွားမည် ဖြစ်ပြီး စိတ်ပါဝင်စားသူ
မည်သူ မဆိုလာရောက်နိုင်ကြောင်း သိရ သည်။
လာရောက်လေ့လာမည့် ပညာရှင်မှာ ယူကေနိုင်ငံမှ အချက် အချာကျသော
မြို့တော်များ၊ တော်ဝင်နန်းတော်များ ပြန်လည် ထိန်းသိမ်းရာတွင်
ပါဝင်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ဘာရိန်း၊ ဗီယက်နမ်၊ ဂရိ၊
မော်ရိုကိုနိုင်ငံများမှ ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်အဆောက်အအုံများကို
ထိန်းသိမ်းရာတွင်ပါဝင်ခဲ့သူ တစ်ဦး ဖြစ်ကြောင်း သတင်းရရှိသည်။
ရွှေကျောင်းကြီးပြုပြင်ထိန်းသိမ်း ရာတွင် မီးဘေးအန္တရာယ်ကာ ကွယ်နိုင်ရေး၊
ကျောင်းပေါ်တွင် အသုံးပြုထားသည့် ရေတံလျှောက်များ ရေစီးရေလာကောင်းမွန်
စေရေးနှင့် တည်ဆောက်ပြုပြင် ရေးဟုကဏ္ဍများခွဲခြားကာ ပြုပြင်ထိန်းသိမ်းရန်
ရည်မှန်းထားသည်။ယခုအချိန်တွင် မီးဘေးကာကွယ်ရေး၊ ရေတံလျှောက်များကောင်း
မွန်ရေးလုပ်ငန်းများ လုပ်ဆောင် ထားပြီး ကျောင်းတော်ကြီးတစ်ခု လုံးကို
သုံးဖက်မြင်သရီးဒီပုံရေး ဆွဲမှုများ ပြုလုပ်ထားပြီးဖြစ် ကြောင်း သိရသည်။
Source : 7daydaily.com
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment