မမြတ်နိုးအား ကိုရီးယားထိပ်တန်းရုပ်သံလိုင်း MBC မှ လာရောက်တွေ့ဆုံရိုက်ကူးခဲ့ပြီး သရဖူပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိကြောင်း ဖြေကြားခဲ့

မြန်မာအလှမယ် မေမြတ်နိုးအား ကိုရီးယားထိပ်တန်းရုပ်သံလိုင်းတစ်ခုဖြစ်သည့် MBC ရုပ်သံလိုင်းမှ လာရောက်တွေ့ဆုံ ရိုက်ကူးခဲ့ပြီး မေမြတ်နိုးက ဖြစ်ပွားနေသောကိစ္စရပ်များအားလုံး ပြီးဆုံးစေချင်ပြီဖြစ်ကြောင်း နှင့် သရဖူပြန်လည်ပေးအပ်သွားရန်လည်း အစီအစဉ်ရှိကြောင်း ဖြေကြားသည်။ MBC ရုပ်သံလိုင်းမှ တွေ့ဆုံမေးမြန်းမှုတွင် Miss Asia Pacific World Organization ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပုံ အဆင့်ဆင့်၊ ဆုရရှိပြီးနောက်ယင်း Organization နှင့်ချုပ်ဆိုခဲ့ရသည့် စာချုပ်ပါ စည်းကမ်းချက်များ၊ ကိုရီးယားနိုင်ငံသို့ မိခင်ဖြစ်သူနှင့်အတူ ဒုတိယအကြိမ် သွားရောက်နေထိုင်စဉ် တွေ့ကြုံခဲ့ရမှုများ၊ စပွန်ဆာရှာရန်ပြောဆိုခဲ့မှုနှင့် ပလက်စတစ်ဆာဂျရီ လုပ်ဆောင်ရန် တိုက်တွန်းခဲ့မှုအခြေအနေများ၊ သရဖူရုတ်သိမ်းခံရခြင်းကိစ္စရပ်များ၊ National Director မလှနုထွန်းနှင့် ဖြစ်ပွားခဲ့သည့် ပြဿနာများအား အသေးစိတ်မေးမြန်းခဲ့ခြင်း ဖြစ်သည်။ “ဒီနေ့ MBC က လာရောက်တွေ့ဆုံမှုကို မြတ်နိုးလက်ခံလိုက်တာက ကိုရီးယားဘက်ကအဖွဲ့အစည်းတွေ၊ ကိုရီးယားဘက်ကသူတွေ အားလုံးကိုလည်း အမှန်တရားကို သိစေချင်တယ်။ သူတို့လည်း အမှန်တရားကို သိချင်လို့ လာရောက်တွေ့ဆုံတာလို့ ယုံကြည်တဲ့အတွက် လက်ခံတွေ့ဆုံဖြစ်တာပါ။ သူတို့ကိုဖြေကြားခဲ့ရာမှာလည်း မြတ်နိုးဖြစ်ပျက်ခဲ့သမျှတွေအားလုံးကိုေ ဖြေကြားခဲ့တယ်။ အဓိက ကတော့ မြတ်နိုးအခုချိန်မှာ ဖြစ်နေတဲ့ပြဿနာတွေအားလုံးကို ပြီးဆုံးသွားစေချင်ပါပြီ။ မြတ်နိုးရင်ဆိုင်ခဲ့ရတာတွေ၊ ကြုံ တွေ့ခဲ့ရတာတွေကလည်း မြတ်နိုးရဲ့အသက်နဲ့ မမျှပါဘူး။ အရမ်းလည်း စိတ်ဆင်းရဲခဲ့ပါတယ်။ ရှက်လည်းရှက်တယ်။ ဒါကြောင့် မြတ်နိုးဘက်က သဘောထားကြီးစွာနဲ့ အားလုံးကိုခွင့်လွှတ်ပြီး သရဖူပြန်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့်သူတို့ Organization ဘက်ကို သရဖူပြန်ပေးသွားမှာပါ။ ဒီလိုသဘောထားကြီးစွာနဲ့ သရဖူပြန်ပေးတာကိုမှ ပုဂ္ဂိုလ်ရေးဆိုင်ရာစွပ်စွဲမှုတွေ၊ နစ်နာစေမှုတွေထပ်လုပ်မယ်ဆိုရင်တော့ မြတ်နိုအနေနဲ့ ဥပဒေအတိုင်းပဲ ဆက်လုပ်သွားပါမယ်”ဟုမေမြတ်နိုးက ဆိုသည်။ မေမြတ်နိုးအနေဖြင့်လက်ရှိတွင် MRS ကျောင်း၌ ပြန်လည်တက်ရောက်နေပြီဖြစ်ပြီး ပညာရေးတွင်အာရုံစိုက်လိုကြောင်း၊ အနုပညာလုပ်ငန်းများကိုလည်း မြန်မာနိုင်ငံအတွင်း၌ ဆက်လက်လှုပ်ရှားသွားမည်ဖြစ်ကြောင်း၊ ယခုကိစ္စရပ်မှာ Miss Asia Pacific World Organization ၊ National Director နှင့် မြန်မာအလှမယ်တို့ကြား ဖြစ်ပွားခဲ့သောပြဿနာဖြစ်ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးကိုလည်း မထိခိုက်စေလိုကြောင်း ပြောကြားသည်။ Source : news-eleven.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment