မင်္ဂလာပွဲဆင်နွှဲဖို့ ဗင်းနစ်မြို့ကို ရောက်လာတဲ့ ဂျော့ခ်ျကလူနီတို့စုံတွဲ

အမေရိကန်   သရုပ် ဆောင်မင်းသား ဂျော့ခ်ျကလူနီနှင့် ၎င်း၏ ချစ်သူအမ်မယ်အလမ်မူ ဒင်တို့သည် အီတလီနိုင်ငံဗင်းနစ် မြို့တွင်    မင်္ဂလာပွဲကျင်းပတော့ မည်ဖြစ်သည်။
ဂျော့ခ်ျကလူနီတို့စုံတွဲသည် စက်တင်ဘာ ၂၆ ရက်တွင် ဗင်း နစ်မြို့သို့ ရောက်ရှိပြီး ၎င်းတို့၏ မင်္ဂလာပွဲသို့ တက်ရောက်မည့် ဟောလိဝုဒ်ကျော်ကြားသူအချို့ တို့သည်လည်း ဗင်းနစ်မြို့သို့ ရောက်ရှိနေပြီဖြစ်သည်။
၎င်းတို့စုံတွဲသည် စက်တင် ဘာ ၂၉ ရက် မင်္ဂလာပွဲမတိုင်မီ နှစ်ရက်အလိုတွင်လည်း ခမ်းနား ကြီးကျယ်သော မင်္ဂလာပွဲအကြို ပါတီပွဲများ ကျင်းပသွားမည်ဖြစ် သည်။
အော်စကာဆုရမင်းသား ဂျော့ခ်ျကလူနီနှင့် ရှေ့နေ အမ် မယ်အလမ်မူဒင်တို့၏ မင်္ဂလာပွဲ သို့ စင်ဒီခရောဖို့ဒ်နှင့် ခင်ပွန်းဖြစ် သူ ရန်ဒီဂါဘာ၊ မက်ဒေမွန်နှင့် ဇနီး၊ ဂစ်တာသမား စတိဗ်လူကာ သာ၊ သရုပ်ဆောင်မင်းသမီး အယ်လန်ဘာကင်နှင့် Vogue မဂ္ဂ ဇင်း အယ်ဒီတာချုပ် အန်နာဝင်း တိုးတို့ တက်ရောက်ရန် ရောက်ရှိ နေပြီဖြစ်သည်။
ဘရက်ပစ်နှင့် အန်ဂျလီနာ ဂျိုလီတို့ ဇနီးမောင်နှံ၊ ဆန်ဒရာ ဘူးလော့ခ်နှင့် အဆိုတော် ဘွန်နို တို့လည်း တက်ရောက်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိ သည်။
ဗင်းနစ်ရဲသင်္ဘောများသည် စက်တင်ဘာ ၂၇ ရက် ညနေတွင် ဧည့်သည်များကို မင်္ဂလာပွဲအကြို ပါတီကျင်းပရာနေရာသို့     ပို့ ဆောင်ပေးမည်ဖြစ်သည်။
—Ref: ABC
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment