ကိုင်ဇာ၊ မေဆွိ၊ မေခလာတို့၏ သူငယ်ချင်းသုံး ယောက်ဖျော်ဖြေပွဲကို အဆိုတော် များနှင့်သက်တူရွယ်တူပရိသတ် အများအပြားအားပေးခဲ့ပြီး လာ ရောက်ကြည့်ရှုသူများအတွက် အတိတ်အချိန်များကို ခေါ်ဆောင် နိုင်ခဲ့သည့်ဖျော်ဖြေပွဲဖြစ်ခဲ့သည်။
တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့သည့် အဆိုတော်များဖြစ် သောကြောင့် ပွဲကျင်းပသည့် အမျိုးသားကဇာတ်ရုံပြည့်သည် အထိ ပရိသတ်များလာရောက် အားပေးခဲ့ကြသည်။
‘‘ငယ်ငယ်က အချိန်ကိုပြန် ရောက်သွားသလိုပါပဲ။ သုံး ယောက်စလုံးကလည်း အသက် တွေကြီးသွားပေမယ့် ဖျော်ဖြေမှု တွေကတော့ အရင်အတိုင်းပဲလို့ ခံစားရပါတယ်’’ဟု ဖျော်ဖြေပွဲရှေ့ ဆုံးတန်းတွင် ကြည့်ရှုနေသော အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။
မေဆွိ၏ ဖျော်ဖြေမှုအစီ အစဉ်ဖြင့် ပွဲကိုစတင်ခဲ့ပြီး မေ ခလာ၊ ကိုင်ဇာတို့က ဆက်လက် သီဆိုပေးခဲ့သလို ပရိသတ်များက လည်း ၎င်းတို့သီဆိုစေလိုသည့် သီချင်းများကို အော်ဟစ်တောင်း ခဲ့ကြသည်။
ဖျော်ဖြေပွဲတွင်ပါဝင်သည့် အဆိုတော်များသည် နာမည်ကြီး တေးသီချင်းများစွာသီဆိုထားသူ များဖြစ်၍ ပရိသတ် အားပေးမှုရရှိခဲ့သော သီချင်းအများအပြား ကို တစ်ပုဒ်လုံးမဟုတ်ဘဲ Non-Stop ပုံစံဖြင့် စုပေါင်းသီဆိုပေး ခဲ့သည်။
မေဆွိက သမီးရဲ့ဦးသီချင်း ဖျော်ဖြေချိန်တွင် လိဒ်ဂစ်တာတီး ပေးရန် ကိုင်ဇာကိုဖိတ်ခေါ်ခဲ့ပြီး ၎င်းတို့နှစ်ယောက်၏ နာမည်ကြီး စုံတွဲသီချင်းများကို သီချင်းများ၏ သမိုင်းကြောင်းများပြောပြ၍ ဖျော်ဖြေမှုကို ပရိသတ်များနှစ် ခြိုက်ခဲ့ကြသည်။ စုံတွဲသီချင်းဆို သည့်အချိန်တွင် ပရိသတ်များက ကိုကြီး ကိုကြီးသီချင်းကိုတောင်းခဲ့ သောကြောင့် ဖျော်ဖြေမှုအစီ အစဉ်တွင် မပါဝင်သော်လည်း မေဆွိက သီဆိုပေးခဲ့သည်။
မေဆွိနှင့် စုံတွဲတေးများသီ ဆိုပြီးချိန်တွင် ကိုင်ဇာက မေခလာနှင့်စုံတွဲသီချင်းတစ်ပုဒ် ဆက် လက်ဖျော်ဖြေခဲ့ပြီး နောက်ဆုံး အစီအစဉ်အနေဖြင့် ၎င်း၏သီ ချင်းများကို ဆက်လက်သီဆိုပေး ခဲ့သည်။ နောက်ဆုံးနှုတ်ဆက် သီချင်းများကို စိတ်ကြိုက်သီဆို၍ ည ၁၂ နာရီအချိန်ခန့်တွင် ဖျော် ဖြေပွဲပြီးဆုံးခဲ့သည်။
Source:7daydaily.com

0 comments:
Post a Comment