ရာသီဥတုမကောင်း၍ တောင်တက်သမား နှစ်ဦးရှာဖွေရေးနှောင့်နှေး

အဆက်အသွယ်ပြတ် တောက်နေသော ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးကို  ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာ တွင်      ရာသီဥတုအခြေအနေ မကောင်း၍ အခက်အခဲရှိကြောင်း ထူးဖောင်ဒေးရှင်းမှ  သတင်းရရှိ သည်။
ရှာဖွေကယ်ဆယ်ရေးလုပ် ဆောင်ရာတွင် ရဟတ်ယာဉ်ကို အဓိကထားအသုံးပြု၍ ရှာဖွေရ မည်ဖြစ်သော်လည်း ပူတာအိုမြို့ နှင့် ခါကာဘိုရာဇီရေခဲတောင် အနီးဝန်းကျင်ရှိရာသီဥတုမှာ မြူများပိတ်နေ၍ ကယ်ဆယ်ရေးလုပ် ငန်းနှောင့်နှေးနေကြောင်း   ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာ ဝန်ရှိသူကပြောသည်။
လက်ရှိတွင် ဒေသခံများ ဦးဆောင်သည့်  မြေပြင်ကယ် ဆယ်ရေးအဖွဲ့မှာ တဟွန်ဒမ်းရွာ မှထွက်ခွာ၍  ရှာဖွေကယ်ဆယ် ရေးများ    လုပ်ဆောင်လျက်ရှိ သည်။
‘‘ရဟတ်ယာဉ်တွေပျံလို့မရ တဲ့အတွက် အခက်အခဲရှိတယ်။ မြူတွေပိတ်ပြီးတော့ မြင်နိုင်စွမ်း မရှိဘူးဖြစ်နေတယ်။ မြေပြင်အဖွဲ့ က တောင်ခြေကနေဆက်တက် မယ်ဆိုလည်း အချိန်တစ်ခုကြာ ဦးမယ်။ ရာသီဥတုကောင်းရင် ကောင်းသလို ရဟတ်ယာဉ်သုံးပြီး တော့   ရှာနေပါတယ်’’ဟု   ပြန် ကြားရေးတာဝန်ရှိသူက ပြော သည်။
တရုတ်နိုင်ငံမှ အကူအညီ ပေးမည့် အပြာရောင်မိုးကောင်း ကင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ သည်
စက်တင်ဘာ ၁၃ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပူတာအိုသို့ ဆက်လက်ထွက်ခွာ ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ လုပ်ဆောင်မည်ဖြစ်သော် လည်း ပူတာအိုမြို့မှာ ရာသီဥတု မကောင်းသည့်အတွက် ပန်နန်း ဒင်မြို့သို့ မသွားရောက်နိုင်သေး ကြောင်း သိရသည်။
အပြာရောင်မိုးကောင်းကင် အဖွဲ့ခေါင်းဆောင်ဖြစ်သည့် Mr.An Shao Hua က မြေပြင် အခြေအနေကိုကြည့်၍ ရှာဖွေ ရေးများပြုလုပ်သွားမည်ဖြစ်ပြီး လိုအပ်ပါက တရုတ်နိုင်ငံမှ အဖွဲ့ ဝင်များကို ထပ်မံခေါ်ယူ၍ရှာဖွေ ကယ်ဆယ်ရေးလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြောကြား သည်။
ခါကာဘိုရာဇီတောင်ထိပ် ရောက်အဖွဲ့ဝင်နှစ်ဦးသည် မြေ ပြင်အဖွဲ့နှင့် အဆက်အသွယ် ပြတ်တောက်နေခြင်းမှာ လမ်း ကြောင်းပျောက်သွားနိုင်ခြင်း၊ တောင်တက်သမားနှစ်ဦးစလုံး ထိခိုက်ဒဏ်ရာရနေခြင်းနှင့် အန္တရာယ်များပြားလှသည့် တောင်တက်ခြင်းမှာ အသက် အန္တရာယ်နှင့်ရင်ဆိုင်ရခြင်း စသည့်ဖြစ်နိုင်ခြေသုံးခုရှိကြောင်း ထူးဖောင်ဒေးရှင်းနာယကဦးတေ ဇက သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။
တောင်ထိပ်ရောက်အဖွဲ့ဝင် နှစ်ဦးမှာ နှစ်ပတ်ကျော်ကြာရိက္ခာ ယူဆောင်သွားသော်လည်း အဆက်အသွယ်ပြတ်တောက်နေ သည်မှာ ၁၃ ရက်ကြာမြင့်ပြီဖြစ် ၍ ရိက္ခာမလုံလောက်မည်ကိုစိုး ရိမ်ကြောင်း တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း)မှ ပြန်ကြားရေးတာဝန်ရှိသူက ပြော သည်။

Source : 7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment