စက်တင်ဘာမှာ ပြုလုပ်မယ့် ကိုင်ဇာ၊ မေဆွိ၊ မေခလာတို့ သူငယ်ချင်း (၃)ယောက်ဖျော်ဖြေပွဲ

ကိုင်ဇာ၊မေဆွိ၊မေခလာတို့ သူငယ်ချင်း(၃)ဦးရဲ့ ဖျော်ဖြေပွဲကိုတော့ စက်တင်ဘာ ၂၇ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဒီပွဲရဲ့ နာမည်ကိုတော့ သူငယ်ချင်းသုံးယောက်လို့ အမည်ပေးထားပါတယ်။ ပွဲကို စီစဉ်ဖြစ်နေတာ(၃)လလောက်ကြာခဲ့ပြီဖြစ်ပါတယ်။ Success တီးဝိုင်းနဲ့ တီးခတ်မှာဖြစ်ပြီး အရင်တုန်းက သီချင်းတွေကိုလည်း ပြန်လည်သီ ဆိုကြမှာဖြစ်ကြောင်း ပြောပြ လာတဲ့ မေခလာက “သီချင်းတွေအနေနဲ့ အစ်မ တို့(၃)ယောက်မှာ ကိုယ်ပိုင် သီချင်းတွေလည်း အများကြီးရှိပါတယ်။ အရင်တုန်းက သီချင်းတွေ လည်း ပြန် ဆိုကြမယ်။ တစ်ယောက်ချင်းစီလည်း ဆိုကြမယ်။ နှစ်ယောက်တွဲလည်း ဆို မယ်။ (၃)ယောက်တွဲသီချင်းတွေလည်းဆိုမယ်။ မြန်မာသံသီချင်းတွေလည်း ပါမယ်” လို့ ပြောပါတယ်။ ပွဲမှာ လူကြီးပရိသတ်တွေအပြင် လူငယ်ပရိသတ်တွေပါ သဘောကျနှစ်ခြိုက်စေမယ့် idea  ကိုလည်း သူ့အနေနဲ့ စဉ်းစားထားပါကြောင်း ပွဲတစ်ပွဲမှာ လူကြီးပရိသတ်တွေအပြင် လူငယ်ပရိသတ်တွေရဲ့ အား လည်း လိုအပ်ပါကြောင်း ပွဲမှာ ဝတ်ဆင်သွားမယ့်ဖက်ရှင်ပိုင်းကို တော့ မစီစဉ်ရသေးဘဲ ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက် လက်လက်ဖြစ် စေမယ့် Fashion မျိုးတွေကိုပဲ ဝတ်ဆင်ဖို့ စဉ်းစားထားကြောင်း မေခလာက ပြောပါတယ်။
“ဒီပွဲလေးက တအားကို ထူးခြားတဲ့ပွဲလေးပါ။ အစ်မတို့ မဆုံဖြစ်ကြတာတော်တော်ကို ကြာခဲ့ပါပြီ။ အစ်မနဲ့ မဆွေနဲ့ပွဲကလည်း အောင်မြင်ခဲ့တယ်။ အဲဒီမှာကတည်းက သူငယ်ချင်းတစ်ယောက်လိုသေး တယ်ပေါ့။ အစ်မတို့အနေနဲ့ ဒီပွဲလေးမှာ အမှတ်တရဖြစ်စေတဲ့ သီချင်းလေးတွေဆိုမယ်။ နှစ်ပေါင်း ၂ဝ၊ ၃ဝလောက် ငယ်သွားမယ့် သီချင်းေ လးတွေဆို မယ့်အတွက်ကြောင့် ပရိသတ်တွေအနေနဲ့ လာရောက် အားပေးစေချင်ပါ တယ်” လို့ ပွဲနဲ့ပတ်သက်ပြီး မေခလာ က ပြောပါတယ်။
လင်းအက္ခရာ

Source : popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment