မင်းသား နှစ်လက် ရွေးရခက်အောင် လွန်ဆွဲနေတယ် ဆိုလေတဲ့ ရုပ်ရှင် အစည်းအရုံးရဲ့ ပွဲဦးထွက် အကယ်ဒမီ

“အဓိက ဇာတ်ဆောင်တွေ ရွေးချယ်တဲ့နေရာ မှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ပြေတီဦး နဲ့နေတိုး တို့နှစ် ယောက်ရဲ့ လွန်ဆွဲမှုကို ကျွန်တော် ရွေးချယ်နေပါတယ်။ သူတို့ လည်း အ စွမ်းကုန် သရုပ်ဆောင်ထား ကြတာကို တွေ့ရတယ် ။ကျွန်တော် ကတော့ အခု နေတိုး ရဲ့စေတန်ရဲ့ကချေသည် ကြည့် ပြီးသွားပါပြီ ။ပြေတီဦး နဲ့နေတိုး နဲ့ သရုပ်ဆောင် ထားတဲ့ အဖြူရောင် ရဲတိုက် ကိုလည်း ကြည့်ပြီးသွားပြီ။ ကြည့်ဖို့ ကျန်နေတာ ကတော့ ပြေတီဦး ရဲ့နင်စေရင် ကားကို ကြည့်ဖို့ ကျန် နေပါ တယ်” လို့ပြော လာတဲ့သူက တော့ အကယ်ဒမီ နောက်ဆုံး အဆင့် ရွေးချယ်ရေး အဖွဲ့ဝင် လွင်မိုး ပဲဖြစ်ပါတယ်။ ဒီနှစ်ကတော့ အကယ်ဒမီ အနေ နဲ့ရွေးချယ်ရ ခက်နေပြီး ဒီလိုရွေး ချယ် ရ ခက်နေခြင်းကလည်း မင်းသား နှစ် ယောက်ရဲ့အားပြိုင်မှု ကကောင်းမွန်နေ တာကြောင့် ပဲဖြစ်ကြောင်း လွင်မိုး က ပြောပါတယ်။
“ကျွန်တော့်မှာ ဘယ်သူ ဘယ်ဝါ ဆိုတဲ့ အစွဲ မရှိပါဘူး။ ကျွန်တော့်ဘက် ကတော့ သဘောထား ရှင်းပါတယ်။ ကျွန်တော်လည်း ရုပ်ရှင် ရိုက်နေတဲ့ သူမှမဟုတ်တာ။ သူတို့ အပေါ် မှာ မနာလိုတာတွေ၊ ချစ်တာတွေလည်း အကယ်ဒမီ ကြည့်တဲ့အချိန်မှာ မရှိ ပါဘူး။ ဇာတ်လမ်းပေါ်မှာပဲ ကြည့်တာ ပါ။ အဲဒီလို ကြည့်တဲ့ အချိန်မှာ ဇာတ် ကားထဲ ကို လိုက်ပြီး မျက်ရည် ဝဲခဲ့ရ တာတွေ လည်း ရှိပါတယ် ။တော် တော် လေးလည်း အားတက်မိပါတယ်။ ကောင်းရင်ကောင်းတယ်၊ မကောင်း ရင် မကောင်းဘူးပဲ။ ကျွန် တော့် အနေ နဲ့ လည်း ဒီအတိုင်းပဲ အပေါ်ယံကြည့် သွားတာ မဟုတ်ပါဘူး။ သူတို့ရဲ့ လုပ် ဆောင်တဲ့ အခန်းစဉ်တိုင်း ကို သေချာ ကြည့်ပါတယ်” လို့အကယ်ဒမီရွေး ချယ်မှုနဲ့ ပတ်သက်ပြီး လွင်မိုး ကပြော ပါတယ်။
အခုနှစ် လုပ်မယ့် အကယ်ဒမီ ပွဲက မြန်မာနိုင်ငံ ရဲ့သမိုင်းကြောင်း မှာ အကြီးအကျယ်ဆုံးနဲ့ အခမ်းနား ဆုံးဖြစ်အောင် ကြိုးစားမှာ ဖြစ်ကြောင်း၊ ကြီးကျယ် ခမ်းနားမှု ဆိုတာ ပြည် သူတွေ တစ်ရပ်လုံး လိုလို လားလားနဲ့ အနုပညာရှင်တွေ အကုန်လုံး သိုက် သိုက်ဝန်းဝန်း နဲ့ အနုပညာ အရည် အသွေး တောက်တောက်ပြောင် ပြောင်နဲ့ လူတွေ ကို ဆွဲဆောင်မှု အပြည့် အဝပေးနိုင်တဲ့ အနေအထား မျိုးပြန်ရောက် ဖို့ လည်း လိုအပ်နေပါကြောင်း ၊နောက်နှစ်တွေ မှာ လည်း နှစ်ယောက် ကနေလေးယောက် ၊လေးယောက် ကနေခြောက်ယောက် လွန်ဆွဲမှုမျိုးတွေ ဖြစ်လာပြီ ဆိုရင် ရုပ်ရှင် လောကက ဒီထက်ပိုပြီး အောင်မြင်မည် ဖြစ်ကြောင်း၊ တကယ်လို့သာ အဲဒီလို မဟုတ်ဘဲ ဒီနှစ် အကယ်ဒမီ မှာမင်းသားနှစ်ယောက် လွန်ဆွဲတာကို ရွေးချယ်ပြီး နောက်နှစ်တွေမှာ တစ်ယောက်တည်း ကိုပဲရွေးချယ်နေ ရမယ်ဆိုရင်ရုပ်ရှင်လောကကနည်းနည်းလေးတောအခြေအနေမကောင်းတော့ဘူးလို့မြင် ကြောင်းလွင်မိုး               ကပြောပါတယ်။
လင်းအက္ခရာ

Source :  popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment