မကွေးတိုင်း ဆိတ်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စည်းရုံးလှုပ်ရှားမှုတွေ လုပ်နေစဉ် အတွင်းမှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့ စာရွက်စာတမ်း ဖြန့်ဝေမှုတွေကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အမှုဆောင် တဦးက ပြုလုပ်ခဲ့တယ်လို့ တိုင်ကြားထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ NLD မကွေးတိုင်း ဒေသကြီး အတွင်းရေးမှူး ဉီးနေမျိုးကျော်ကို ဘီဘီစီက ဆက်သွယ်မေးခဲ့ရာမှာစက်တင်ဘာ ၂၅ ရက်နေ့မှာ အမှုကို စတင်ကြားနာဖို့ ရက်ချိန်းပေးထားတယ်လို့ ပြောပြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အထောက်အကူပြု အဖွဲ့ကနေ အကြံဉာဏ်တွေ ရယူထားပြီး အမှုကို မှန်မှန်ကန်ကန် ခိုင်ခိုင်မာမာ သက်သေအထောက်အထားတွေနဲ့ တင်ပြသွားမယ်လို့ သူက ဆက်ပြောပါတယ်။
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ပြုလုပ်တဲ့ မဘသ အဖွဲ့ရဲ့ မျိုးစောင့်တရား ဟောပြောပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို တိုက်ခိုက်တဲ့ ဓာတ်ပုံတွေ ဖြန့်ဝေလို့ ဖြစ်ခဲ့တဲ့ အမှုပြီးရင် ဒီတကြိမ်ဟာ ဒုတိယမြောက် အလားတူ အမှုအခင်းပဲ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/09/140913_nld_defemation.shtml
0 comments:
Post a Comment