ကယ်ဆယ်ရေး လုပ်ဆောင်မယ့် အကြောင်းတွေနဲ့ ပတ်သက်လို့ ရန်ကုန် လေဆိပ်မှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင် မစ္စတာ အန်ဆောင်ဝါက အခုလို ပြောဆို ခဲ့ပါတယ်။
“ဒီတောင်က သိပ်အမြင့်ကြီးမဟုတ်ပေမယ့် အပေါ်ကိုတက်ဖို့ နည်းပညာတွေ အများကြီးလိုအပ်ပါတယ်၊ အဲဒါကြောင့် တရုတ်နိုင်ငံတ၀ှမ်းက ကျွမ်းကျင်အဖွဲ့သားတွေ စုစည်းပြီး လာရောက်တာဖြစ်ပါတယ်၊ ပြောင်းလဲနိုင်တဲ့အခြေအနေတွေ အများအပြားရှိနိုင်တဲ့အတွက် ရှာဖွေရေးနဲ့ ပတ်သက်လို့ ပြီးမြောက်နိုင်မယ့် အချိန်ကာလ အတိကျကို တွက်ချက်ပြောဆိုဖို့ အခက်အခဲရှိပါတယ်”
အဲ့ဒီအဖွဲ့ဟာ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေက သဘာဝဘေးန္တရာယ်ကျရောက်တဲ့နေရာတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့အဖွဲ့ဖြစ်ပြီး၊ ဒီနေ့မှာဘဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဖို့ ပူတာအိုကို ထွက်ခွာသွားပြီဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးဟာ သြဂုတ် ၃၁ ရက်က ခါကာဘိုရာဇီတောင်ထိပ်ကို ရောက်ရှိ ပြီးနောက် မြန်မာနိုင်ငံအလံစိုက်ထူနိုင်ပြီးကတည်းက မြေပြင်အခြေစိုက်စခန်းနဲ့ အဆက်အသွယ် ပြတ်တောက်နေခဲ့တာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
0 comments:
Post a Comment