AC/DC ရော့ခ် တီးဝိုင်း ရဲ့ ဂစ်တာသမားတစ်ဦးဖြစ်တဲ့ Malcolm Young ဟာအဖွဲ့က ဘာလို့ထွက်ခဲ့ရသလဲဆိုတာ အဖြေထွက်လာခဲ့ပါပြီ။ Malcolm ဟာ မှတ်ဥာဏ်နဲ့ စိတ်ပိုင်းဆိုင်ရာမှာ ဆိုးသွမ်းပြီး ရှုပ်ထွေးမှုကိုဖြစ်ပေါ်စေတဲ့ Dementia ရောဂါကို ခံစားနေရတယ်လို့ သူ့ရဲ့မိသားစုဝင်တွေက People မဂ္ဂဇင်းကို ပြောပါတယ်။
အသက် ၆၁ နှစ် အရွယ် ဂစ်တာသမား Malcolm Young နဲ့ သူ့ရဲ့ အစ်ကိုဟာ ၁၉၇၃ခုနှစ်မှာ AC/DC ရော့ခ် တီးဝိုင်းကို စတင်တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဧပြီလတုန်းက Malcolm ဟာ AC/DC တီးဝိုင်းကနေ ယာယီ ရပ်နားမယ်လို့ကြေညာခဲ့ပြီးတဲ့နောက် သူ့ရဲ့တူ တော်စပ်တဲ့ Stevie Young က Malcolm ရဲ့နေရာကို အစားထိုးပြီး AC/DC ရဲ့ ရစ်သမ် ဂစ်တာသမားဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း ယခင်အပတ်ကပဲ Malcolm Young ဟာ သူ့ရဲ့အဖွဲ့ထဲက ထွက်လိုက်ခြင်းဟာ အမြဲတမ်း အတွက်ဖြစ်တယ်လို့ကြေညာခဲ့တဲ့ အတွက် သူ့ရဲ့ ပရိတ်သတ်တွေဟာ အဓိကအကြောင်းအရင်း ကို မေးခွန်းထုတ်ခဲ့ကြပါတယ်။
AC/DC တီးဝိုင်းဟာ သူတို့ရဲ့ အယ်လ်ဘမ်အသစ် ဖြစ်တဲ့ “Rock or Bust” ကို ဒီဇင်ဘာလ ၂ ရက်နေ့မှာ ထုတ်လုပ်ဖို့ရှိနေပါတယ်။
Ref:cbsnews.com
Mario
Source:trend.com.mm

0 comments:
Post a Comment