ချစ်သူနဲ့အတူ ခရီးသွားခြင်းက ရရှိနိုင်တဲ့ ကောင်းကျိုးတွေ

စိတ်ချမ်းသာမှုကို ဖြစ်စေနိုင်တဲ့ ခရီးသွားခြင်းမျိုးကို သင့်ရဲ့ချစ်သူနဲ့အတူ သွားဖူးပါသလား။ သွားကြည့်လိုက်ပါ။ ကိုယ့်ရဲ့ချစ်သူနဲ့အတူ ခရီးသွားခြင်းက ရရှိနိုင်တဲ့ကောင်းကျိုးလေးတွေရှိပါတယ်။
၁။ နှစ်ယောက်တည်းရှိချိန်တွေကို ရရှိနိုင်ပါတယ်
သင့်ချစ်သူနဲ့အတူ ခရီးတစ်ခုကို သွားနေချိန်မှာ သင်ဟာ သင့်ရဲ့ချစ်သူနဲ့ ကြိုက်သလောက် အတူရှိနေနိုင်ပါတယ်။ အိမ်ပြန်ချိန် နှုတ်ဆက်အနမ်းတွေကို သင်တို့ ခရီးထွက်နေတဲ့အခါမှာ ခဏတော့ သိမ်းထားလို့ရပါတယ်။
၂။ အချစ်စစ်ကို သိနိုင်ပါတယ်
သင့်ချစ်သူနဲ့အတူ ခရီးသွားတဲ့အခါမှာ သင့်ချစ်သူက သင့်ကို ဘယ်လောက် သည်းခံတယ်၊ ဘယ်လောက် ဂရုစိုက်တယ်ဆိုတာကို ကောင်းကောင်းသိနိုင်ပါတယ်။ ခရီးအတူထွက်တဲ့အခါ သူငယ်ချင်းကောင်းဟုတ်/မဟုတ် အဖြေပေါ်တယ်ဆိုသလိုမျိုးပဲ အချစ်စစ် ဟုတ်/မဟုတ် ဆိုတာကို လည်းအဖြေထုတ်ပေးနိုင်ပါတယ်။
၃။ မသိသေးတာကို လေ့လာနိုင်ပါတယ်
သင့်ချစ်သူနဲ့အတူ ခရီးသွားရင်း မသိသေးတဲ့ ၊ မကြုံဖူးတဲ့ အတွေ့အကြုံအသစ်တွေကို လေ့လာသင်ကြားနိုင်ပါတယ်။ အဲဒီလိုလေ့လာခြင်းအားဖြင့် တစ်ယောက်ကို တစ်ယောက်လည်း လေ့လာနိုင်မှာဖြစ်ပါတယ်။
၎။ စုံတွဲဓါတ်ပုံလေးတွေ ရှိလာနိုင်ပါတယ်
သင့်ချစ်သူနဲ့အတူ ခရီးထွက်ခဲ့စဉ်က ဓါတ်ပုံတွေဟာ သင့်ကို အမြဲတမ်းပျော်ဖို့ကောင်းစေမယ့် အမှတ်တရတွေဖြစ်လာစေမှာပါ။ အနည်းဆုံး ခရီးတစ်ခုမှာ ဓါတ်ပုံ ၃၀ လောက်တော့ ရိုက်ပြီး သင်တို့ရဲ့ Facebook မှာ သိမ်းထားသင့်ပါတယ်။
၅။ အကောင်းနဲ့အဆိုးကို မျှဝေခံစား ကြည့်နိုင်ပါတယ်
သင့်ချစ်သူနဲ့အတူ ခရီးတစ်ခုကနေပြန်လာတဲ့အခါ သင်တို့နှစ်ယောက်ဟာ အရင်ကထက် တစ်ယောက်ကို တစ်ယောက် သိသွားကြပါပြီ။ သင်တို့ဟာ ခရီးတစ်ခုမှာ အများကြီးတွေ့ခဲ့ရပါတယ်။ အရမ်းလှတဲ့တောင်တန်းတွေ ၊ အေးချမ်းတဲ့ ရာသီသတုအသစ်တစ်ခု ၊ ဒေသအလိုက်အထင်ကရ  နေရာတွေ အပြင် ဟိုတယ်အခန်းရဲ့ အဆင်မပြေမှုတွေ ၊ ရာသီဥတုကို မရင်းနှီးတဲ့အတွက် အစီအစဉ်လွဲချော်သွားတာတွေစတဲ့ အကောင်းအဆိုးကို မျှဝေခံစားပြီးတဲ့နောက် သင်တို့နှစ်ယောက်ဟာ ဘ၀ကို အတူဖြတ်သန်း တဲ့အခါမှာ အဆင်ပြေချောမွေ့ နေတော့မှာ သေချာပါတယ်။
Ref:mensxp.com
Mario
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment