မြန်မာပြည်ပရိသတ်က သံယောဇဉ်ကြီးတယ်လို့ ဆိုလာတဲ့ ရတနာဦးက သူမရဲ့ ကိုးခွေမြောက် ချစ်သူ တစ်ကိုယ်တော်တေးစီးရီးအကြောင်း ဖွင့်ဟ

နှစ်ဆယ့်ငါးနှစ်ကျော် ဂီတသက်တမ်းမှာ လျှောက်လှမ်းအောင်မြင်လာတဲ့ အဆိုတော်ရတနာဦး တစ်ယောက် သူမရဲ့ဝေးကွာနေတဲ့ မြန်မာပြည်ချစ်ပရိသတ်ကြီး အတွက် ရည်ရွယ်ပြီး အခုလို တစ်ကိုယ်တော်တေးစီးရီး လုပ်ဖြစ်ခဲ့တာပါလို့ ဆိုပါတယ်။ ဒါကြောင့်သူ့ကို ဒီအချစ်ဆိုတဲ့ တေးစီးရီးနဲ့ပတ်သက်ပြီး သိလိုသမျှတွေမေးဖြစ်ခဲ့တာကတော့
ပထမဆုံးအနေနဲ့ မြန်မာသံစဉ်ရွေးဆိုဖြစ်ရတဲ့ အကြောင်းအရင်းလေး သိပါရစေ။
အခွေက စဉ်းစားထားတာတော့ကြာပြီ။ လွန်ခဲ့တဲ့ခြောက်လ၊ ခုနှစ်လလောက်က မြန်မာသံဆိုရင် ကောင်းမလား၊ ခေတ်ပေါ်ဆိုရင် ကောင်းမလားဆိုပြီး စဉ်းစားသေးတယ်။ အဲဒါနဲ့ မြန်မာပြည်ဆိုတဲ့အတွက် မြန်မာပရိသတ်ကတော့ အမြဲတမ်း ရှိနေမှာပါပဲလေ။ အရင်က ကိုယ်လည်း မြန်မာသီချင်းတွေ အများကြီးဆိုခဲ့ဖူးပါတယ်။ အဲဒါနဲ့ပဲမြန်မာသံစဉ်ဘက် ရွေး လိုက်တာပါ။
ချစ်သူဆိုပြီး အခွေနာမည်ပေးဖြစ်ခဲ့တာလေး သိပါရစေ။
အစ်မနဲ့ အစ်မသူငယ်ချင်း တိုင်ပင်ပြီး စဉ်းစားကြတယ်။ သူက ထုတ်လုပ်သူလည်း ဖြစ်တယ်ဆိုတော့လေ။ ဦးစားပေးပြီး ရွေးချယ်ခိုင်းတဲ့ သဘောပါပဲ။ အစ်မလည်း ချစ်သူ ဆိုတာကို နည်းနည်းများ ရိုးနေမလား လို့ တွေးမိတယ်လေ။ ဒါပေမယ့် အဲဒီ့ချစ်သူဆိုတဲ့ သီချင်းလေးက ဟိုးအရင်က အန်တီထားဆိုခဲ့တဲ့ သီချင်းလေးပါ။ အရမ်းကိုကြိုက်ခဲ့တယ်။
အခွေက ဘယ်တော့လောက် ပရိသတ်ရှေ့ရောက်လိမ့်မလဲ။
သီတင်းကျွတ်အမှီဖြန့်မယ်လို့တော့ ပြောပါတယ်။ ဗီစီဒီကတော့ မရိုက်ရသေးဘူးပေါ့နော်။ အစ်မနိုဝင်ဘာမှာ ရန်ကုန်ကို နောက်ထပ်ပြန်လာဖို့ ရှိသေးတယ်။ အဲဒီကျမှ ဗီစီဒီရိုက်မှာပါ။
ဒီအခွေမှာရောသီချင်း ဘယ်နှစ်ပုဒ်လောက်ပါမလဲ။
သီချင်း ၁၂ပုဒ်ပါမယ်။ ၁၀ပုဒ်က တစ်ယောက်တည်း ဆိုထားတယ်။ ကျန်တဲ့နှစ်ပုဒ်ကို ဂရေဟမ်နဲ့ ဖိုးသောကြာနဲ့ တစ်ပုဒ်စီဆိုထားပါတယ်။
မြန်မာသံစဉ်ကို ရွေးချယ်လိုက်တဲ့အတွက် ကိုယ့်ရဲ့သီဆိုမှု အနုပညာပေါ်မှာ မျှော်မှန်းထား တာမျိုးရှိမလား။
အောင်မြင်မှုအနေနဲ့ ဘုရားပေးတဲ့ဆုပေါ့နော်။ ပရိသတ်ရဲ့အားပေးမှုကို အစ်မအနေနဲ့ ယုံကြည်ပါတယ်။ မြန်မာပြည်ပရိသတ်က သံယောဇဉ်ကြီး တတ်တယ်လေ။ အသက်ကြီးတဲ့အထိ အားပေးကြတယ် ဆိုတာအစ်မ အပြည့်အဝယုံကြည်တယ်။ အကောင်းဆုံးတွေ အစ်မအနေနဲ့ ပေးဆပ်ထားတဲ့အတွက် ပရိသတ်တွေကြိုက်မယ်လို့ လုံးဝယုံကြည်ပါတယ်။
မြန်မာပြည်ရဲ့ပရိသတ်က သံယောဇဉ်ကြီးမားတယ်ဆိုတော့ ကိုယ့်ရဲ့ပရိသတ်တွေ ဘက်ကိုရော ဘယ်လို ပြန်ပြီး သဘောထားမိပါသလဲ။
အစ်မတို့ရဲ့ကောင်းချီးမင်္ဂလာတစ်ခုပေါ့။ သူတို့ချစ်တဲ့ အနုပညာသမားအပေါ်မှာ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ သူတို့အားပေးတာ အစ်မတွေ့ရပါတယ်။ အခုလိုမြန်မာပြည် ခဏ ပြန်ရောက်တုန်း အချိန်လေးမှာ ကိုယ့်ရဲ့ပရိသတ်အတွက် ပေးဆပ်မှုတစ်ခုအနေနဲ့ပဲ ဒီအခွေလေး လုပ်ဖြစ်တာပါ။ ပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင်မိပါတယ်။ ဂုဏ်လည်း ယူမိပါတယ်။
ဒီအခွေလေးက ဘယ်နှစ်ခွေမြောက်ဖြစ်မလဲ။
အစ်မသက်တမ်းတစ်လျှောက် တစ်ကိုယ်တော် အခွေရှစ်ခွေရှိပါပြီ။ ဒီအခွေက ကိုးခွေမြောက်ပေါ့။ အတွဲအခွေတွေကတော့ အများကြီး ပဲပေါ့နော်။
ဒေါ်မေရှင်ရဲ့သီချင်းတွေပါတယ်ဆိုတော့ ကိုယ်ပြန်သီဆိုရတဲ့အပေါ်မှာဘယ်လိုခံစားမိသေးလဲ။
ဒေါ်မေရှင်ဆိုတာ အစ်မတို့ရဲ့Favourite ပါပဲ။ ဟိုးအရင်ငယ်ငယ်ကတည်းက ဒေါ်မေရှင်ရဲ့အသံ ကို အရမ်းကြိုက်တာ။ သူ့သီချင်းလေးတွေကို အစ်မနားထောင်ပြီးတော့ ကောင်းမယ် ထင်တာလေးတွေ ရွေးပြီးထည့်ထားတာပါ။ ဒါတောင် အစ်မဆိုချင်တာတွေ အများကြီးကျန်ပါသေးတယ်။
တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ဖို့ အစီအစဉ်ရှိလား။
တစ်ကိုယ်တော်ရှိုးပွဲလောလောဆယ်မှာ လုပ်ဖို့တော့ အစီအစဉ်မရှိသေးပါဘူး။ အစ်မက ဒီမှာအမြဲနေနေတာ မဟုတ်တာ လည်းပါပါတယ်။ သွားလိုက်ပြန်လိုက် ဖြစ်နေတော့ အချိန်နည်းနည်း ယူပြီးတော့ လုပ်ဖို့တော့ စဉ်းစားမိပါတယ်။
စန္ဒီ 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment