Pop အဆိုတော် Britney Spear ဟာ The intimate Britney Spears လို့ခေါ်တဲ့ သူမရဲ့ကိုယ်ပိုင် အမျိုးသမီး အတွင်းခံ တံဆိပ်တစ်ခုကို ထုတ်လုပ်နေပါတယ်။ ဗုဒ္ဓနေ့ကလည်း Britney Spears ဟာ ပိုလန်နိုင်ငံ ၊ ၀ါဆော မြို့မှာ Sexy မော်ဒယ်တွေနဲ့ Ziote Tarsay ကုန်တိုက်က GTTA စတိုးဆိုင်အသစ်ဖွင့်ပွဲကို သွားရောက်ပြီး သူမရဲ့ အတွင်းခံ ထုတ်လုပ်မှုကို သွားရောက် ကြော်ညာခဲ့ပါတယ်။
Britney ဟာ တနင်္လာနေ့မှာ ပြုလုပ်မယ့် လန်ဒန်က ဖွင့်ပွဲမှာတော့ အင်္ဂလန်နိုင်ငံတော်ဝင်မိသားစု ရဲ့ ကတော် တစ်ယောက်ဖြစ်တဲ့ Kate Middleton ကို သူမရဲ့ အတွင်းခံတွေ ကို ကြောညာပေးစေချင်တဲ့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
Britney ဟာ Kate Middleton ကိုသူမရဲ့ အတွင်းခံ ဒီဇိုင်းတွေနဲ့အတူ မြင်ချင်တယ်လို့ဆိုပါတယ်။ အဲဒါဟာ အရမ်းပြီးပြည့်စုံသွားမှာပါလို့ ဆိုပါတယ်။ Britney ဟာ အဆိုတော် ကောင်မလေး Gwen Stefani ဟာသူမရဲ့ အတွင်းခံတွေ ၀တ်ဆင်ထားတာကို အရမ်းသဘောကျခဲ့တယ်လို့ လည်းဆိုပါတယ်။
Ref:starpulse.com
Mario
Source:trend.com.mm

0 comments:
Post a Comment