အခုပြသမယ့် ပန်းချီကားတွေကို မြန် မာမှာလည်းပြပြီးသွားပြီ။မြန်မာပြည်မှာ ကျတော့ ဒါတွေက အထူး အဆန်းမဟုတ်ပေမယ့် ဒါတွေက ထူးဆန်းတယ်။ ထူးခြားတဲ့ဖြစ်စဉ်တွေပါ။ နိုင်ငံတကာမှာကျတော့ ဒါမျိုး တွေ တန်ဖိုးထားတယ်။ ဒါက မြန်မာပြည်ရဲ့ အနုပညာမှာ သမိုင်းဖြစ်စဉ်တစ်ခုပဲ။ ကိုယ့်နိုင်ငံသိသလို၊ တခြားနိုင်ငံက လူတွေလည်း ကိုယ့်နိုင်ငံရဲ့ အနုပညာရှု ထောင့်ကနေ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ထွက်ပြ တာပါ။ ဒီပြပွဲမှာ အပယ်ခံပန်းချီ ကားတွေကို ရောင်းမယ့် ပန်းချီပြပွဲနဲ့ မရောင်းမယ့် ပန်းချီပြပွဲနှစ်ပွဲခွဲပြီး ပြသ သွားမှာပါ။ တစ်ခါတလေကျရင် ပန်းချီ ဆရာပြောချင်တဲ့ အကြောင်းအရာက တစ်မျိုး၊ စစ်ဆေးရေးက တွေးချင်တဲ့အကြောင်း အရာက တစ်မျိုး၊ မပြနဲ့ဆိုပြီး ပယ်ရင်ပယ် သွားတာပဲ”ဟု ၎င်းက ပြောသည်။
ယင်းပွဲ၌ ၁၉၆၂ ခုနှစ်က ပြသခွင့်မရ ခဲ့သည့် အနီရောင်၊ အမည်းရောင်များပါသည့် ပန်းချီကားများ၊ နိုင်ငံ ရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုများ၊ အ၀တ်အစားများ၊ လူပုံပန်းချီကားများ၊ Installation များကို တစ်ချိန်က အပယ်ခံအနုပညာများနှင့် လက်ရာများကို သမိုင်းတွင် အမှတ်တရ တစ်ခု ကျန်နေရစ်စေရန် ရည်ရွယ်ချက် ဖြင့် ပြသခြင်းဖြစ်သည်။
ထိုပြပွဲတွင် ပန်းချီဆရာ မောင်သိဒ်္ဓိ၊ ကိုကိုနိုင်၊ စိုးနိုင်၊ သန်းဌေး၊ မြင့်စံမြင့်၊ မြင့်စိုး၊အောင်ကြည်စိုး၊ ရှိန်၊ အောင်ခိုင်၊ မောင်လု ရှင်နှင့် ဇွဲရန်နိုင်စသည့် ပန်းချီဆရာများ ရေးဆွဲထားသည့် ဆီဆေးနှင့် အခရိုင်းလစ် ပန်းချီများကို ပြသမည်ဖြစ်သည်။
အဆိုပါပြပွဲ၌ ပန်းချီဆရာ ၁၈ ဦး၏ ရောင်းချမည့် ပန်းချီကား ၇၉ ကားနှင့် ရောင်းချခြင်းမပြုသည့် ပန်းချီကား ၃၀ တို့ ပါဝင်မည်ဖြစ်သည်။
၁၉၇၆ ခုနှစ် ပြပွဲပြုလုပ်ခဲ့စဉ်က ပန်း ချီကားနှင့် Installation အနုပညာများကို အပိတ်ခံခဲ့ရသည့် ပန်းချီမောင်သိဒ်္ဓိက “ကျွန်တော်တို့ဆိုလိုတဲ့ အဓိပ်္ပာယ်ကတစ် မျိုး၊ သူတို့စိတ်ထဲထင်ရင် ကျွန်တော်တို့ ဘာမှပြောလို့မရဘူး၊ အပယ်ခံရတာပဲ။ အခုလည်း ဆင်ဆာမရှိတော့ဘူးလို့ ပြောလို့မရဘူး၊ ရှိနေတာပဲ။ ဆရာတို့က Nude (အဝတ်အစားများ မပါတာ) ရေးတယ်။ဆရာတို့က အလှအပကိုပဲ ရေးတာပါ။ ဘာမှဆို လိုတာမှ မဟုတ်တာ။ ပန်းချီရဲ့ သဘောကို ပြတာပါ။ ဒါကို သူတို့က ပြခွင့်မရှိဘူး။ ဆရာ Installation တစ်ခုပြခဲ့တယ်။ အဲဒါက သမင်ချိုတွေပါတဲ့ ဦးခေါင်းတစ်ခုရယ်၊ ကြိုးရယ်၊ သားရေတို့ ပါဝင်တဲ့ အနုပညာ တစ်ခု၊ နာမည်ကို မုဆိုးလို့ ပေးထားတယ်။ အဓိပ္ပာယ်က မုဆိုးက မကောင်းတာ လုပ်တယ်။ မကောင်းတာ လုပ်တဲ့အတွက် မကောင်းတာ ပြန်ခံရတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြထားတာ။ အဲဒါကို သူတို့ပယ်လိုက် တယ်။ အခုဆိုရင် ပန်းချီရေးရင်တောင်မှ ဒီပန်းချီကားက ဆင်ဆာနဲ့ လွတ်ပါ့မလားဆိုတဲ့ အတွေးတွေက ရောက်ရောက်လာတယ်”ဟု ၎င်းက ပြောသည်။
ပန်းချီကားများ ရောင်းချခြင်းမပြုသည့် ပြပွဲပြုလုပ်မည့် ပန်းချီပြပွဲကို ဟောင်ကောင်ရှိ Hong Kong Visual Arts Centre ၌ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။
Source:mizzimzburmese.com

0 comments:
Post a Comment