ဂျပန်နိုင်ငံတွင် အောက်တိုဘာ၁၃ရက်က အင်အားပြင်း ဗွန်ဖုန်း တိုင်ဖွန်းမုန်တိုင်းဝင်ရောက်ခဲ့၍ လူ ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးထက်မနည်း ပျောက်ဆုံးနေသည်ဟု အရာရှိများနှင့် ပြည်တွင်မီဒီယာများကပြောကြားသည်။
ဂျပန်နိုင်ငံအလယ်ပိုင်း ရှီဇူအိုကာဒေသတွင် အောက်တိုဘာ ၁၂ ရက် နေ့လည်က မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးများတွင် တရုတ်နိုင်ငံသား သုံးဦးကို မျောပါသွားခဲ့ကြောင်း၊ ၎င်းတို့အနက်နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန်တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဂျပန် ရုပ်မြင်သံကြားဌာန NHK က ပြောကြားသည်။
ဗွန်ဖုန်း မုန်တိုင်းသည် ကျူရှုးကျွန်း မာကူရာဇာကီဒေသ ကုန်တွင်းပိုင်းသို့ နံနက်၈နာရီ မိနစ်သုံးဆယ်အချိန်ခန့်က ၀င်ရောက်ခဲ့ရာ လေတိုက်နှုန်းသည်တစ်နာရီလျှင် ၁၈၀ကီလိုမီတာအထိ တိုက်ခတ်ခဲ့ကြောင်း မိုးလေ၀သအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
တိုင်ဖွန်းမုန်တိုင်းနှင့် ဆက်စပ်သည့် ထိခိုက်မှုများတွင် လူ ၄၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဂျပန်နိုင်ငံ လေကြောင်းလိုင်းများက လေကြောင်းခရီးစဉ် ၃၂၉ ခု ထက်မနည်းကို ဖျက်သိမ်းခဲ့ရသည်။ လူ ၁၁ ဦးသေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရသည့် အပူပိုင်းမုန်တိုင်းတစ်ခု ဂျပန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီး တစ်ပတ်အကြာတွင် ဗွန်ဖုန်းမုန်တိုင်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
Source:mizzimaburmese.com
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment