ပြည်တွင်းကျောက်မျက်ပွဲ အပြိုင်အဆိုင် ဈေးကောင်းပေး ဝယ်ယူမှုများနိုင်

နေပြည်တော်တွင် ကျင်းပခဲ့သည့် ကျောက်မျက်ပြပွဲသို့ လာရောက်သူများ (ဓာတ်ပုံ− မိုးညို)
 ပြည်တွင်းကုန်သည်များ ကိုသာ အဓိက ရောင်းချမည့် ကျောက်မျက်ပြပွဲမှာ ကုန်ကြမ်း ပြတ်လပ်နေသည့် မြန်မာ ကုန် သည်အချင်းချင်း အပြိုင်အဆိုင် ဝယ်ယူမည့်ပြပွဲတစ်ခုဖြစ်လာနိုင် ကြောင်း ကျောက်စိမ်းကျောက် မျက်လုပ်ငန်းရှင်များက ပြော ကြားသည်။
အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ပြုလုပ်မည့် အဆိုပါကျောက်မျက်ပွဲတွင် ကျပ်ငွေဖြင့် ရောင်းချမည်ဖြစ်ပြီး ပြည်တွင်း ကုန်သည်များသာ ဝင်ရောက်ဝယ် ယူခွင့်ရရှိမည့်ပွဲဖြစ်သော်လည်း အပြိုင်အဆိုင် ဈေးကောင်းပေး ဝယ်ယူနိုင်ကြောင်း ဖားကန့်မြို့မှ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း ရှင်များက ပြောသည်။
ပြီးခဲ့သည့် အကြိမ် (၅၀) မြောက် ကျောက်မျက်ပြပွဲတွင် တရုတ်ကုန်သည်များနှင့် ပြည် တွင်းကုန်သည်များအပြိုင်အဆိုင် ဈေးကောင်းပေး ဝယ်ယူခဲ့ရာ တရုတ်ကုန်သည်များက အများစုတွင်  လေလံအောင်ခဲ့သော ကြောင့် မြန်မာကုန်သည်များလို အပ်သလောက် ဝယ်ယူခွင့်မရ ခဲ့၍ ယခုပွဲတွင် အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်ဝယ်ယူဖွယ်ရှိ ကြောင်း မြစ်ကြီးနားကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလာခရီလာအောင်က ပြောသည်။
ယခုပြပွဲတွင် ကျောက်စိမ်း ကျောက်မျက်အတွဲပေါင်းခုနစ် ထောင်ကျော် ပြသရောင်းချမည် ဟု မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းက ထုတ်ပြန်ထားသည်။
ပြည်တွင်းကျောက်မျက်ပြပွဲ ဖြစ်သော်လည်း တရုတ်ကုန်သည် များအတွက် အမည်ခံဝယ်ယူပေး မည့် မြန်မာလုပ်ငန်းရှင်များလည်း ပါဝင်လာနိုင်ကြောင်း  Gems Garden ကျောက်စိမ်းကျောက် မျက်ကုမ္ပဏီ မန်နေဂျင်းဒါရိုက် တာ ဦးကျော်ဇော်မြတ်က ပြော ကြားသည်။
 အစိုးရက  ကျောက်စိမ်း အဓိကထွက်ရာ ဖားကန့်တွင် ပြီး ခဲ့သည့် စက်တင်ဘာ ၁ ရက်မှစ၍ ကျောက်စိမ်း ပြန်လည်တူးဖော်ခွင့်ပြုနေပြီဖြစ်သော်လည်း လုပ်ငန်း အများစုမှာမစတင်နိုင်သေး သဖြင့် ကုန်ကြမ်းပြတ်လပ်မှုများ နှင့် ကြုံတွေ့နေရသည်။ ထို့ ကြောင့် ယခုပွဲသည် မြန်မာကုန် သည်အများစုအလေးထားသည့် ပွဲတစ်ခုဖြစ်လာနိုင်ကြောင်း ၎င်းက ပြောသည်။
မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းသည် ပြီးခဲ့သည့် အကြိမ် (၅၀) မြောက် ကျောက်မျက်ရတနာပြပွဲမှ စတင်ပြီး ပြည်တွင်း အချောထည်ဈေးကွက် အောင် မြင်ရန် ကျောက်စိမ်း ကျောက် မျက်အကြမ်းထည်များကို လျှော့ ချပြသမည်ဟု  ပြောကြားထား သည်။
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment