ကျိုက်ထီးရိုးဘုရားဖူးရာသီစတင်၍ ရန်ကုန်-ကျိုက်ထို အဲကွန်းအထူးရထား ပြန်လည်ပြေးဆွဲ

ကျိုက်ထီးရိုးဘုရားဖူး ရာသီ ပြန်လည်စတင်ပြီဖြစ်သော ကြောင့် ကာလရှည်ရပ်နားထား သည့် ရန်ကုန်-ကျိုက်ထို အဲကွန်း အထူးရထား ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
ဇွန်လ ၁၆ ရက်မှ စ၍ လေး လကြာ ရပ်နားထားသည့် အဆိုပါ ခရီးစဉ်ကို အောက်တိုဘာမှ စ တင်၍  အပတ်စဉ် စနေ၊ တနင်္ဂ နွေနေ့များတွင် ဘုရားဖူးရာသီအ တွင်း  ပြန်လည်ပြေးဆွဲသွားမည် ဟု  မြန်မာ့မီးရထားမှ  လက် ထောက် အထွေထွေ မန်နေဂျာ ဦးဇော်ဖေစိန်က ပြောသည်။

အဲကွန်းအထူးရထား RBE တွဲဖြင့် ယမန်နှစ်က လက်မှတ်ခ နှုန်းထားများနည်းတူ တစ်ဦးလျှင် ကျပ် ၃၅၀၀ နှုန်းဖြင့် ပြေးဆွဲပေးသွားမည်ဟု ဆိုသည်။
အဆိုပါ ရထားသည်စနေနေ့ နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ကျိုက်ထိုဘူတာသို့ မွန်းလွဲ ၁၂ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။
ထို့နောက် တနင်္ဂနွေနေ့ မွန်း လွဲ ၁၂ နာရီတွင် ကျိုက်ထိုဘူတာ မှ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်သို့ ညနေ ၆ နာရီ၌ ပြန် လည်ဝင်ရောက်မည်ဖြစ်သည်။
အဆိုပါ အဲကွန်း RBE တွဲ ဆိုင်းဖြင့် ရန်ကုန်-ကျိုက်ထို ခရီး စဉ်ကို ပြီးခဲ့သည့်နှစ်က စတင်ခဲ့ပြီး အဝေးပြေးရထား အဲကွန်း စနစ် ကို မြန်မာ့မီးရထားက စမ်းသပ် ပြေးဆွဲရာ အောင်မြင်မှုရရှိသည့် ခရီးစဉ်တစ်ခု ဖြစ်လာကြောင်း မြန်မာ့မီးရထားက ခန့်မှန်းထား သည်။
‘‘ရထားနဲ့ကားနဲ့က ရထား က သက်သောင့်သက်သာရှိတယ်။ ဒါပေမဲ့ ကြာတယ်။ ကားကအချိန် တိုတယ်။ သက်သောင့်သက်သာ ကတော့ ရထားလောက် မရနိုင် ဘူးပေါ့’’ ဟု ကျိုက်ထီးရိုးသို့ ကားအငှားလုပ်ငန်းဝန်ဆောင်မှု ပေးနေသည့် နေရှင်နယ်ကားအငှား လုပ်ငန်းမှ မန်နေဂျာတစ်ဦးကပြောသည်။
ရထားဖြင့် သွားခြင်းသည် အပြန်ခရီးစဉ်၌ ကျိုက်ထိုမြို့မှ ကျိုက်ပေါလောမှဲ့ရှင်၊ ပဲခူးဘုရားစုံတို့ကို ဖူးမြော်ခွင့်မရရှိနိုင်သည့် အားနည်းချက်များရှိကြောင်း အထက်ပါ မန်နေဂျာက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထား၌  အဲကွန်းတွဲဆိုင်းထည့်သွင်းပြေးဆွဲလျက်ရှိပြီး   စုစုပေါင်းခရီးသည် ၈၆,၀၀၀ ကျော်ကို နေ့စဉ်ပို့ဆောင် ပြေးဆွဲပေးလျက်ရှိသည်။
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment