လိပ်ကျွန်းအမှု ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုကို ထိုင်းမှုခင်းဆေးပညာပါရဂူကြီး ဝေဖန်

ဘန်ကောက် - လိပ်ကျွန်း၌ ဗြိတိန်ခရီးသွားနှစ်ဦး သေဆုံးမှုကို ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးသည့်အခါ မှန်ကန်သည့် မှုခင်းဆေးပညာသိပ္ပံနှင့် ပြစ်မှုဖြစ်အင် စုံစမ်းစစ်ဆေးမှုနည်းလမ်းများကို ရဲတပ်ဖွဲ့က လိုက်နာမှုမရှိခဲ့ဟု ထိုင်းနိုင်ငံ၏ လေးစားခံရဆုံး မှုခင်းဆေးပညာဆိုင်ရာ ပါရဂူကြီးက ယနေ့ပြောကြားလိုက်သည်။
မှုခင်းဆေးပညာသိပ္ပံ ဗဟို တက္ကသိုလ် ညွှန်ကြားရေးမှူးချုပ် Khunying Porntip က ထိုင်းအခြေစိုက် မန်နေဂျာ နယူးစ်အေဂျင်စီကို ပြောကြားရာ၌ ဗြိတိန်စုံတွဲသေဆုံးမှုကို စုံစမ်းစစ်ဆေးရာတွင် မှုခင်းဆေးပညာဆိုင်ရာ ရောဂါဗေဒပညာရှင် ဆေးဘက်ဆိုင်ရာ စစ်ဆေးသူတစ်ဦး လိုအပ်သည်ကို ရဲက နားမလည်ခဲ့ဟု ဆိုသည်။
‘‘(စုံစမ်းစစ်ဆေးမှုမှာ) အား နည်းချက်က ဒီအမှုက မှုခင်းဆေး ပညာဆိုင်ရာ ရောဂါဗေဒပညာ ရှင်တစ်ဦး လိုအပ်တယ်ဆိုတာ ရဲ က နားမလည်တာပဲ။ အဲဒါကြောင့် သက်သေစုဆောင်းခဲ့တဲ့ အရာရှိတွေဟာ စူရတ်ဌာနီ ဆေးရုံက ပညာရှင်တစ်ယောက်ယောက်ကို မခေါ်ခဲ့ဘူး’’ဟု Khunying Porntip က ပြောသည်။
‘‘လူနှစ်ယောက်အသတ်ခံရ တဲ့အမှုဆိုတာ မှုခင်းဆေးပညာ ဆိုင်ရာ သမားတော်တစ်ယောက် ကျိန်းသေလိုအပ်ပါတယ်’’ဟု ၎င်း က ဆက်လက်ပြောကြားသည်။
ဥပဒေအရ စုံစမ်းစစ်ဆေးရာတွင် ရဲတပ်ဖွဲ့၊ မှုခင်းဆရာဝန်နှင့် သက်သေခံ အထောက်အထားစုဆောင်းသူ စသည့် အဖွဲ့သုံးဖွဲ့ပါဝင်မှသာ တရားဝင်မည် ဖြစ်သည်။
ယခုအခါ မှုခင်းဖြစ်စဉ်နှင့် စုံစမ်းစစ်ဆေးမှုအားလုံးကို ရဲတပ်ဖွဲ့က ၎င်းတို့ဘာသာ လုပ်ဆောင်သွားခြင်းအားဖြင့် မှုခင်း ဆေးပညာသိပ္ပံ၏ စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင်ဝိရောဓိ ဖြစ်စေခဲ့သည်ဟု ၎င်းကပြောသည်။
သက်သေခံများအားလုံးကို စုဆောင်းမှုမတိုင်မီမှာပင် မှုခင်း ဖြစ်ပွားရာနေရာသို့ ကမ္ဘာလှည့် ခရီးသွားများ ပြန်လည်ဝင်ရောက် ခွင့်ပေးခဲ့ခြင်း အပါအ၀င် မြန်မာ ရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို ပြီးခဲ့သည့်သီတင်းပတ်က ဖမ်းဆီးခဲ့သည်အထိ ကပြက်ကချော်ဖြစ်စဉ် တသီတတန်းက အသက် (၂၁)နှစ်အရွယ် မြန်မာအလုပ်သ မားနှစ်ဦးကို ပြစ်မှုအတွက် မဆီ မဆိုင် အချောင်ကြားဝင်ခံရသူ များအဖြစ် ဖန်တီးခဲ့သည်ဆိုသည့် ဝေဖန်မှုများ၊ စွပ်စွဲမှုများဆီ ဦးတည်သွားစေခဲ့သည်ဟု ဘန်ကောက်ပို့စ်က ဝေဖန်ထားသည်။
(ကိုးကား-ဘန်ကောက်ပို့စ်)
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment