ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်း အများပြည်သူများကို ပြသရန် မွေးမြူထားသော မိ ကျောင်းတစ်ကောင် မျက်စိကွယ် နေခြင်းမှာ ၀န်ထမ်းများက နှိပ် စက်ညှဉ်းပန်းခြင်းကြောင့်မဟုတ် ဘဲ လာရောက်ကြည့်ရှုသူတစ်ဦးက ထီးဖြင့် မတော်တဆ ထိုးမိရာမှ မျက်စိကွယ်သွားခြင်းဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ပြောသည်။
‘‘မျက်စိကွယ်တယ်ဆိုတာ လေး၊ ငါးနှစ်လောက်တောင် ရှိပြီ။ တစ်ကောင်ပဲ ကွယ်တာ။ အပြင် မှာ ပြောနေသလို ၀န်ထမ်းတွေ နှိပ်စက်လို့ ကွယ်တယ်ဆိုတာ မဟုတ်ပါဘူး။ လာကြည့်တဲ့သူ တစ်ယောက်က မိကျောင်းကို ထီး နဲ့လှမ်းစရင်း ထိုးမိတာပါ’’ ဟု ဦး တင်ရွှေက ပြောသည်။
မိကျောင်းများ ငြိမ်သက်စေရန် ၀န်ထမ်းများက ရိုက်နှက်ထား၍ မိကျောင်းတစ်ကောင် မျက်လုံးတစ်ဖက် ပေါက်ထွက်နေ ကြောင်း၊ ကျန်မိကျောင်းအားလုံး မှာ မျက်လုံးမမြင်တော့ဘဲ စမ်းတ ၀ါးဝါးနှင့် သွားလာနေကြကြောင်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် ကောလာဟလနှင့်ပတ်သက်၍ ၎င်းကပြန်လည်ဖြေကြားခြင်းဖြစ်သည်။
‘‘မိကျောင်းတွေ ငြိမ်နေတာ က သဘာဝပါပဲ။ နာလို့ ငြိမ်နေ တာ မဟုတ်ပါဘူး။ နာလို့ အစာ မစားနိုင်တာ မဟုတ်ဘူး။ နဂိုက တည်းက တစ်ပတ်ကို တစ်ခါ လောက်ပဲ စားနိုင်တာ’’ ဟု ပတ် ၀န်းကျင် ထိန်းသိမ်းရေးနှင့် သစ် တောရေးရာဝန်ကြီးဌာနမှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။
ဝန်ထမ်းများက ရိုက်တာ နှက်တာမျိုးမရှိဘဲ နဂိုဗီဇအရ မိ ကျောင်းများက ငြိမ်သက်နေခြင်း ဖြစ်ကြောင်း၊ တစ်ပတ်လျှင် တစ် ခါ အစာစားတတ်ပြီး အစာစားပြီး တိုင်း ငြိမ်သက်နေခြင်းမှာ သဘာ ၀ဖြစ်ကြောင်း၊ မျက်လုံးမမြင် သည့် မိကျောင်းတစ်ကောင်သာရှိပြီး ကျန်အကောင်များ မျက်လုံးမြင်ကြောင်း၊ သာမန်အားဖြင့် မိ ကျောင်းများမှာ အစာစားပြီးတိုင်း မျက်လုံးမှိတ်ကာနေတတ်သဖြင့် လာရောက်ကြည့်ရှုသူများ အထင် လွဲမှားခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ကြီးကြပ်ရေး တာ ၀န်ရှိသူများက ပြောသည်။
တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်) ကို ၁၉၀၁ ခုနှစ်တွင် ပြည်သူတို့ ၏ အလှူငွေ နှစ်သိန်းလေးသောင်း ကျပ်ဖြင့် မြေရိုင်း ၆၂ ဧကကို ရှင်း လင်းပြီး စတင်တည်ဆောက်ခဲ့ သည်။ ၁၉၀၆ ခုနှစ် ဇန်န၀ါရီတွင် အသစ်ဆောက်လုပ်ကာ ‘‘၀ိတိုရိ ယဘုရင်မပန်းခြံနှင့် တိရစ္ဆာန် ဥယျာဉ်’’ ဟု အမည်ပေးခဲ့သည်။
ယခုအခါ ထူးကုမ္ပဏီက ကျပ်သိန်း ၇၀၀ ကျော်ဖြင့် လေလံ ရယူခဲ့ခြင်းဖြစ်သည်။
ပြင်ဆင်ဆောက်လုပ်ခြင်း ကြောင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ မြေဧရိယာ အကျယ် ၆၉ ဒသမ ၂၅ ဧကရှိပြီး နှစ်စဉ်အ ပန်းဖြေရန် လာရောက်သူ တစ် သန်းခွဲခန့်ရှိသည်။
နေ့စားဝန်ထမ်းများ အပါအ ၀င် ၀န်ထမ်း ၃၀၀ ခန့် ပုံမှန်လုပ် ငန်းခွင် ၀င်လျက်ရှိပြီး ဥယျာဉ်အ တွင်း တိရစ္ဆာန်အစားအစာဆိုင် ၁၂ ဆိုင်၊ ဆိုင်ငယ် ၂၀ ခန့် ရှိသည်။
Source:7daydaily.com

0 comments:
Post a Comment