မနော်ရမံ္ဓ ရင်ပြင်အား ဆန္ဒဖော်ထုတ်နေရာအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့က သတ်မှတ်

မန္တလေး အောက်တိုဘာ ၁ဝ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ (ခ)အရ နိုင်ငံသား တိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေး(သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်အခွင့် အရေးများကို လွတ်လပ်စွာသုံးစွဲ ဆောင်ရွက်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထား သည့်အလျောက် နိုင်ငံသားများက ယင်းအခွင့်အရေး များကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် အလို့ငှာ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေကို လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ်၊ ၃၆၄/၂ဝ၁၂ ဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်း ချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ နည်းဥပဒေကို လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အထက်ပါပြဋ္ဌာန်းထား ပြီးဖြစ်သောဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံသားများ၏ ယင်းအခွင့်အရေးများကို ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်း များဆောင်ရွက်ရန်အလို့ငှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ မနောရမ္မံရင်ပြင်ကို ဆန္ဒဖော်ထုတ်ရန်နေရာအဖြစ် သတ်မှတ်လိုက်ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သော အမိန့် ကြော်ငြာစာအမှတ် (၃၅/၂ဝ၁၄)အရ သိရသည်။

တင်မောင်(မန်းကိုယ်ပွား)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment