SAMSUNG GALAXY NOTE 4 မိတ်ဆက်ပွဲအခမ်းအနား ကျင်းပပြီးစီး

Samsung Galaxy Note 4 မိတ်ဆက်ပွဲကို အောက်တိုဘာ၊ ၁၀ရက်နေ့တွင် Sula Shangri La ဟိုတယ်မှာပြုလုပ်ခဲ့ပြီး အနုပညာရှင်များနှင့် စာနယ်ဇင်းမီဒီယာများ တက်ရောက်ခဲ့ကြတယ်။ Samsung ရဲ့brand ambassorder တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် အဆိုတော်စိုင်းစိုင်းခမ်းလှိုင် မှ အမှတ်တရ စကားပြောကြားပေးခဲ့ပါသေးတယ်။ “ကျွန်တော့်သူငယ်ချင်းတွေထဲမှာ Samsung Seriesကိုင်တဲ့သူတွေအများကြီးရှိပါတယ်။ Samsung ကိုဘာဖြစ်လို့ကြိုက်ကြလဲဆိုတော့ Samsung ဆိုတာကို ယုံကြည်လို့ပဲဖြစ်တယ်။ အဲဒီယုံကြည်မှုကြောင့်ပဲSamsung ကို သုံးစွဲနေကြတာပဲ ဖြစ်ပါတယ်။ ဒီဇိုင်းက ခေတ်မီတယ်။ Technology ကလည်းခေတ်ရှေ့အမြဲပြေးတယ်။ ကျွန်တော်လည်း Samsung ကို တကယ်ကြိုက်ပါတယ်”တဲ့။
စိုင်းစိုင်းခမ်းလှိုင် ပြောကြားပြီးသွားတဲ့နောက်မှာတော့ Samsung Galaxy Note 4နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဇာနည်အောင်မှလည်း “ဒီနေ့ မိတ်ဆက်ပေးချင်တာက GALAXY NOTE 4 ပဲဖြစ်ပါတယ်။ Galaxy Note Series ကို မိတ်ဆက်ပေးလိုက်ခြင်းဖြင့် မှတ်စုစာအုပ်နဲ့ မှင်တံများကို ဒစ်ဂျယ်တယ်ကမ္ဘာသို့ ပြောင်းလဲပေးပို့လိုက်ခြင်းဖြစ်တယ်။ Galaxy Note 4သည် ၅ဒသာမ ၇လက်မမျက်နှာပြင်ရှိပြီး ပိုမိုကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်အား အလွန်ကောင်းတဲ့ ရုပ်ပုံများကို ရရှိမှာပဲ ပါတယ်။ ကျယ်ပြန့်တဲ့ မျက်နှာပြင်ကြောင့် ပိုမိုကောင်းမွန်အောင် မွမ်းမံထားတဲ့ Multi Window Feature ဟာဆိုရင် အသုံးပြုသူတွေအတွက် တပြိုင်နက်တည်းအလုပ်များစွာ ကို လွယ်လွယ်ကူကူ ဆောင်ရွက်ပေးနိုင်မယ့် သော့ချက်တစ်ခုပဲဖြစ်ပါတယ်။ Application များကို မျက်နှာပြင် အပြည့်၊ မျက်နှာပြင်တစ်ဝက် ဒါမှမဟုတ် တစိတ်တပိုင်း စိတ်ကြိုက်ရွေးချယ်နိုင်ပြီး အလိုအလျောက် တုံ့ပြန်နိုင်စွမ်းရှိတဲ့ ထိတွေ့ကိုင်တွယ်မှုတစ်ခုအနေနဲ့ Application များရဲ့ နေရာအထားအသိုနှင့် အရွယ်အစားများကို အလွယ်တကူ ရွှေ့ပြောင်းနိုင်ပါတယ်။ Galaxy Note 4ရဲ့နောက်ထပ်အားသာချက်တစ်ခုအနေနဲ့ ပိုမိုတောက်ပကြည်လင်ပြတ်သားတဲ့ ပုံရိပ်များကို ထုတ်လုပ် ပေးနိုင်သလို အဆင့်မြင့်Sports Camera စနစ်ပါဝင်တယ်။ အမှောင်ထဲတွင် အလိုအလျောက်Exposure Time ကိုမြှင့်တင်ပေးနိုင်ပါတယ်။ နောက်ပြီး ကင်မရာတုန်ခါမှုကိုတန်ပြန် ဟန်ချက်ညှိပေးတဲ့ Smart Optical Image Stabilizerများပါဝင်တဲ့ ၁၆ Megapixel ကျောဘက်ကင်မရာနဲ့ ၃.၇Megapixel မျက်နှာစာကင်မရာပါဝင်တယ်။ ၃.၇Megapixel မျက်နှာစာပါတဲ့ ကင်မရာဖြစ်လို့ ကျယ်ပြန့်တဲ့ မြင်ကွင်းရှုထောင့်ကို ပေးစွမ်းနိုင်တာကြောင့် အုပ်စုလိုက် ဓာတ်ပုံရိုက်ကူးရာမှာ အဆင်ပြေနိုင်ပါတယ်။ Selfie ရိုက်ချင်တဲ့သူများအတွက်တော့ အကောင်းဆုံးဖြစ်ပါတယ်။
 Galaxy Note 4ဟာ လျှင်မြန်စွာ အားသွင်းနိုင် ပါတယ်။ Ultra Power Saving Mode များဖြင့်မြန်ဆန်စွာ အားသွင်းနိုင်သလို အလိုအပ်ဆုံးအချိန်တွင် အားကုန်ခြင်းများ မဖြစ်နိုင်တာ သေချာစေပါတယ်။ Galaxy Note4 ရဲ့မိုက်ကရိုဖုန်းက ဆူညံနေတဲ့ အသံတွေကြားမှ စပီကာဖွင့်ပြောနေချိန်မှာ ဘေးဘက်မှ ဆူညံမှုတွေကို လျှော့ချပေးနိုင်တယ်။ Galaxy Note4 ရဲ့S Penအသစ်သည် စုတ်တံ၊ ဘောပင်လ် အစစ်သုံးစွဲရသလို စာရွက်ပေါ်တွင် ဖောင်တိန်သို့မဟုတ် ပုံဆွဲခဲတံဖြင့် ရေးခြစ်ရတဲ့အရသာကို ရရှိခံစားစေမှာပါလို့ ပြောသွားခဲ့တယ်။ Samsung Galaxy Note4 ကိုမီးခိုးရင့်ရင့်၊ အဖြူရောင်၊ ရွှေရောင်နှင့် ပန်းရောင်ဖျော့အရောင်များဖြင့် အောက်တိုဘာ ၂၆ရက်နေ့မှစတင်ပြီး ရန်ကုန်UMFCCI နှင့် မန္တလေးSkywalkတို့တွင် ရောင်းချပေးတော့မှာပဲ ဖြစ်ပါတယ်။ အထူးအစီအစဉ်အဖြစ် ယင်းနေ့တွင်ဝယ်ယူသူများကို S View Cover အပါအဝင် ကျပ်တစ်သောင်း လျော့ပြီး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ထပ်မံပြီးတော့လည်း MABမှ Visa Card များလက်ဆောင် ပေးမယ့်အပြင် Promotional activity များလည်း စီစဉ်ပေးထားပါသေးတယ်။
စန္ဒီ 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment