Goerge Clooneyတစ်ယောက် ချစ်သူကောင်မလေး နဲ့ မင်္ဂလာဆောင်ပြီ

တစ်ချိန်က Bat Man ဇာတ်ကောင်ပါမကျန် ဇာတ်လမ်းတော်တော်များများရဲ့ ခေါင်းဆောင် မင်းသားဖြစ်ခဲ့တဲ့ ဂန္တ၀င်သရုပ်ဆောင် ကြီး Goerge Clooney ဟာ လူပျိုကြီးတစ်ယောက်အဖြစ် ဆက်လက် မရပ်တည်တော့ပဲ သူ့ရဲ့ ချစ်သူကောင်မလေး Amal Alamuddinနဲ့ အီတလီနိုင်ငံမှာ လက်ထပ်လိုက်ကြတယ်လို့ သိရပါတယ်။
အနုပညာရှင်အမြောက်အများဟာ Goerge Clooney ရဲ့ မင်္ဂလာဆောင်ကို လာရောက်ကြတဲ့အတွက် သမိုင်းဝင်မြို့တစ်မြို့ဖြစ်တဲ့ Venice ဟာ အရင်က တွေ့ခဲ့ဖူးတဲ့ မြင်ကွင်းတွေနဲ့ တောင် မတူတော့ဘူးရယ်လို့ ဆိုပါတယ်။ မျက်မြင်သက်သေတစ်ယောက်ရဲ့ပြောကြားချက်အရ George Clooney ဟာ မင်္ဂလာဆောင် အခမ်းအနားသို့ သူ့ရဲ့ မိခင်၊ဖခင်၊ညီမလေး တို့နဲ့ အတူ လှေနဲ့ တက်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒေသတွင်း လှေမောင်းသမား တစ်ယောက်ကလည်း တစ်ခါမှမတွေ့ဖူးတဲ့ ရေကြောင်းယာဉ်တန်းမျိုးဖြစ်တယ်လို့ တင်စားဖြေဆိုထားပါတယ်။ တူးမြောင်းတစ်လျှောက်မှာလည်း ပရိသတ်တွေက လက်တွေဝှေ့ယမ်းလို့ အော်ဟစ်နေကြတယ်လို့ ဆိုပါတယ်။
George Clooney ဟာ အခု အသက် ၅၃ နှစ်ရှိနေပြီဖြစ်ပြီး သူ့ရဲ့ကြင်ယာဖက် Amal Alamuddin ကတော့ အသက် ၃၆ နှစ်သာရှိသေးတယ်လို့ သိရပါတယ်။
Ref:lifeandstylemag.com
Mario
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment