Twilight ဇာတ်လမ်းတွေက တစ်ဆင့် ကောင်မလေးတွေရဲ့ အသည်းစွဲ Vampire ဖြစ်လာတဲ့ သရုပ်ဆောင် Robert Pattinson ဟာ လန်ဒန်ကို ပြောင်းရွှေ့ နေထိုင် တော့မယ်လို့သိရပါတယ်။
Robert Pattinson ဟာ လော့အိန်ဂျလိစ်မြို့မှာနေထိုင်စရာ အကြောင်းမရှိတော့တာကို လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က သိခဲ့တယ်လို့ဆိုပါတယ်။ သူဟာ လော့အိန်ဂျလိစ်မှာ နေထိုင်လာခဲ့တာ ၇ နှစ်ခန့်ရှိနေပြီ ဖြစ်တဲ့အတွက် လန်ဒန်မှာ အချိန်အနည်းငယ်ကုန်ဆုံးစေချင်တဲ့ဆန္ဒ ရှိနေတယ်လို့ ပြောပါတယ်။
Robert Pattinson ဟာ လော့အိန်ဂျလိစ်က ဒေါ်လာ ၆.၃၇ သန်းတန်တဲ့ နေအိမ်ကို ရောင်းချခဲ့တယ်လို့သိရပါတယ်။
Ref:lifeandstylemag.com
Mario
Source:trend.com.mm

0 comments:
Post a Comment