IS တပ်ဖွဲ့ကို ပထမဆုံးအကြိမ်အဖြစ် ဩစတြေးလျ လေတပ် ပါဝင်တိုက်ခိုက်

                                                   F-18 တိုက်လေယာဉ်တစ်စီး လေထဲတွင် ဆီဖြည့်နေစဉ်
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို လေတပ်မှ တိုက်ခိုက်နေသည့် စစ်ဆင်ရေးတွင် ဩစတြေးလျက ပထမဆုံးအကြိမ် ပူးပေါင်း ပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။
အမေရိကန် ဦးဆောင်သည့် မဟာမိတ် နိုင်ငံများ ဆင်နွှဲနေသည့် စစ်ဆင်ရေးကို ပံ့ပိုးရန် အရှေ့အလယ်ပိုင်းသို့ စေလွှတ်ထားသည့် ဩစတြေးလျ F-18 Super Hornet တိုက်လေယာဉ်တစ်စီးသည် ယခုသီတင်းပတ်အတွင်း IS တပ်ဖွဲ့၏ စစ်ရေးပစ်မှတ်များကို စတင်ဗုံးကြဲခဲ့သည်။
ဩစတြေးလျ တိုက်လေယာဉ်က ဗုံးနှစ်လုံးကို ပစ်မှတ် တိတိကျကျ ကြဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါ လေယာဉ် အပါအဝင် အောက်တိုဘာ (၈)ရက် စစ်ဆင်ရေးတွင် ပူးပေါင်းခဲ့သည့် တိုက်လေယာဉ်အားလုံး အခြေစိုက် စခန်းသို့ ဘေးကင်းစွာ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်က စစ်ဆင်ရေး အစီအစဉ် အချို့တွင် တိုက်လေယာဉ်များ အနေဖြင့် အရပ်သားများ ထိခိုက်နိုင်သည့် အခြေအနေကြောင့် လက်တွေ့ ဗုံးမကြဲဘဲ လှည့်ပြန်ခဲ့ရသည်။ ဩစတြေးလျသည် IS တပ်ဖွဲ့ကို တိုက်ခိုက်ရန် Super Hornet (၆)စီး ပေးပို့ထားသော်လည်း လက်ရှိတွင် (၁)စီးသာ စတင် တိုက်ပွဲဝင်နိုင်သေးသည်။ ထို့အပြင် ဩစတြေးလျ လေတပ်၏ ကင်းထောက် လေယာဉ်တစ်စီးနှင့် ဝေဟင်ဆီဖြည့် လေယာဉ်ကြီး တစ်စီးလည်း အရှေ့အလယ်ပိုင်း ဒေသသို့ ရောက်ရှိနေသည်။
ဩစတြေးလျ တိုက်လေယာဉ်များသည် ယခုသီတင်းပတ် အစောပိုင်းက အီရတ်မြောက်ပိုင်းတွင် အကြိမ်ရေ အတော်များများ စမ်းသပ်ပျံသန်းခဲ့သော်လည်း လက်နက်များဖြင့် ပစ်ခတ်၍ တိုက်ပွဲဝင်မှု မပြုလုပ်ခဲ့ချေ။ ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က အီရတ်စစ်တပ်နှင့် ပူးပေါင်းကာ ဩစတြေးလျ ခြေလျင်တပ်များပါ ပူးပေါင်းတိုက်ခိုက်လာနိုင်ကြောင်း မှတ်ချက်ပြုထားသည်။
ဩစတြေးလျသည် အီရတ်စစ်တပ်ကို လေ့ကျင့်ပေးရန် စစ်သည် (၆၀၀) စေလွှတ်မည်ဖြစ်ပြီး ယင်းတို့အနက် (၂၀၀)သည် အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များဖြစ်ကြောင်း အက်ဘော့က ဆိုသည်။ အက်ဘော့သည် IS အဖွဲ့၏ ရပ်တည်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားသူဖြစ်ပြီး ISသည် ရက်စက်သော သတ်ဖြတ်မှုများကို ယုံကြည်ကိုးကွယ်သည့် အယူမှားသူများဟု ဝေဖန်ခဲ့ဖူးသည်။
_Ref: BBC
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment