မြန်မာနိုင်ငံတွင် တာချီလိတ်မြို့အပါအ၀င် (၃)နေရာ၌ တစ်ရက်တည်း ငလျင်လှုပ်သွား

ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၂၃)ရက် ည(၆း၁၉)နာရီအချိန်က တာချီလိတ်မြို့တွင် အင်အား (၄.၄) အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့သည်။

တာချီလိတ်ခရိုင်အတွင်း နှင့် ဆက်စပ်နေသော မြို့များဖြစ်သည့် တာလေ၊ မိုင်းဖြတ် နှင့် ကျိုင်းလပ်မြို့များတွင် ငလျင်နှင့် ပတ်သက်၍ ဖြစ်ပေါ်မှု မရှိခဲ့ဘဲ၊ တာချီလိတ်မြို့နယ် တစ်ခုတည်းသာ လှုပ်ခတ်သွားတာ ဖြစ်ကြောင်း နှင့် ည(၆)နာရီဝန်းကျင်တွင် တာချီလိတ်မြို့ အပါအ၀င် မြင်းခြံမြို့အနီးတွင် အင်အား (၄.၀)အဆင့် နှင့် မာန်အောင်ကျွန်းအနီးတွင် (၄.၇)အဆင့်ရှိ ငလျပ်လှုပ်ခတ်သွားကြောင်း သိရှိရသည်။

တာချီလိတ်မြို့တွင် ယခုလို ငလျင်လှုပ်ခတ်သွားသည့်အတွက် ပြည်သူများအနေဖြင့် ထိတ်လန့်မှုသာ ဖြစ်သွားခဲ့သော်လည်း ထိခိုက်မှုနှင့် ဆုံးရှုံးမှု မရှိကြောင်း သိရှိရသည်။

သတင်း ။ ။ ကိုဇောင်း
Tachileik Online News
http://www.tachileik.net/2014/11/4-4.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment