ဆောင်းရာသီမှာအဖြစ်များတဲ့ နာချေခြင်း၊ချောင်းဆိုးခြင်းတွေ သင်ခံစားရပြီ်ဆိုရင်တော့ သင်ဟာ နာစေးကာ အားအင်ကုန်ခမ်းမှုတွေ ဖြစ်လာပါလိမ့်မယ်။ ဒီအချက်ဟာ သင့်ခန္ဓာကိုယ်မှာ တုံ့ပြန် ခုခံနိုင်တဲ့ ခွန်အား တစ်စုံတစ်ခုမှ မရှိလို့သာ ခုလိုခံစားနေရတာဖြစ်ပြီးသင့်ရဲ့ ကိုယ်ခံအားနည်းနေတာကြောင့်လည်း ဖြစ်ပါတယ်။ ပျှမ်းမျှအနေနဲ့ အရွယ်ရောက်ပြီးသူ တစ်ယောက်ဟာ ရာသီတစ်ခုမှာ သုံးကြိမ် အအေးမိဒဏ် ခံကြရပါတယ်။ တစ်ခါဖြစ်တိုင်း ၃ရက်ကနေ ၅ ရက်အထိ အချိန်ကြာပါတယ်။ ကိုယ်ခံအားစနစ် ပိုမို တိုးတက်ကောင်းမွန် လာစေဖို့်အတွက် ပိုအိပ်ပေးဖို့၊ လေ့ကျင့်ခန်းများများ လုပ်ပေးဖို့နဲ့ ကိုယ်ခံအားမြင့်တက်စေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားပေးဖို့ လိုပါတယ်။
Ref:timefornaturalhealthcare
ပေါ်ထွန်း
Source:trend.com.mm
0 comments:
Post a Comment