လူငယ် နဲ့ ခေတ်ရေစီး

ခေတ်တိုင်း ခေတ်တိုင်းမှာ လူငယ်ဆိုတာ သူတို့ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲ ကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ကြွမှုတွေ နဲ့ နောင်တချိန်မှာ လူကြီးဖြစ်ဖို့ အားယူနေကြတဲ့ သူတွေချည်းပါ။ 

လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲ အတက်အကျတွေ တပါတည်း ပါလာတတ်စမြဲ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ် ဘဝနေနည်းပုံစံ ကွဲလွဲမှု၊ ခေတ်ရေစီး အပြောင်းအလဲ စတာတွေကို လေ့လာပြီး သူတို့ရဲ့အသံတွေကို The Irrawaddy က အပတ်စဉ် ဖော်ပြပေးနေပါတယ်။ ဒါကို ဧရာဝတီဘလောဂ် ပရိတ်သတ်တွေ ဖတ်ရှုနိုင်ဖို့အတွက် ဖော်ပြပေးလိုက်တယ်နော်။ 

Documentary Film ကနေ လူတွေရဲ့အမြင်ကို ပြောင်းစေချင်တာပါ ဆိုတဲ့ အသက် ၁၉ နှစ် အရွယ်ရှိတဲ့ Film Maker သမားတဦးဖြစ်သူ ခွန်မင်းအုံးကျနော် Filmmaker တယောက် ဘယ်လို စဖြစ်လာလဲဆိုတော့ မနှစ်က Pre-Collegiate Program ဆိုတဲ့ ကျောင်းတခုမှာ စတက်တယ်။ အဲဒီကျောင်းက ဘယ်လိုကျောင်းမျိုးလဲဆိုတော့ အမေရိကားမှာ Scholarship ရအောင် Training ပေးတဲ့ ကျောင်းတကျောင်းပါ။ အဲဒီမှာ Semester ၄ ခုရှိတယ်၊ ပထမ Semester ၃ ခုက စာသင်ရတယ်၊ နောက်ဆုံး Semester မှာတော့ Internship ဆိုပြီး အလုပ်သင်အနေနဲ့ လုပ်ရတယ်။ 

အဲဒီတုန်းက ကျနော် ဓာတ်ပုံစိတ်ဝင်စားတယ်၊ Film ကိုလည်း စိတ်ဝင်စားတယ်ဆိုတော့ အလုပ်သင် Internship ကို Filmmaker ဆရာ သက်ဇော်ဝင်းဆီမှာ သင်ယူခဲ့တယ်။ အဲဒီမှာ Film making ကို ၁ လ၊ ၂ လလောက် သင်ယူပြီး အဲဒီက Project တွေလည်း ခဏနားထားတုန်းက ဆရာက ကျနော့်ကို “ဇာတ်ကားတကားလောက် ရိုက်ကြည့်ပါလား၊ ရိုက်မယ်ဆိုရင်ကော အိုင်ဒီယာ ရှိလား” ဆိုပြီး မေးတယ်။ ကျနော်ကလည်း တခါမှမရိုက်ဖူးဘူး၊ ပထမဆုံးဆိုတော့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတခုကို လုပ်ဆိုပြီး ဆရာက အကြံပေးတယ်။ အဲဒီအချိန်တုန်းက ကျနော် ဘာကိုစိတ်ဝင်စားလဲဆိုတော့ Gay, Lesbian တွေ အကြောင်းကို စိတ်ဝင်စားတယ်။ ကျနော်ကိုယ်တိုင်က Gay မဟုတ်ပေမယ့် ဒီအကြောင်းအရာကို ဘာလို့ စိတ် ဝင်စားလဲဆိုတော့ မြန်မာနိုင်ငံမှာ Gay တွေနဲ့ ပတ်သက်ပြီးတော့ များသောအားဖြင့် Gay အပေါ်မှာ မကောင်းတဲ့အမြင်တွေ၊ အယူအဆတွေရှိတယ်။ ဒါပေမယ့် ကျနော်သိခဲ့တဲ့ Gay တွေက ခင်ဖို့ကောင်းတယ်၊ ပေါင်းသင်းဆက်ဆံရတာလည်း ကောင်းတယ်။ 

လူအများ မြင်နေတာနဲ့ ကျနော် ကြုံတွေ့မြင်နေရတာက မတူညီဘူး ဖြစ်နေတယ်။ အဲဒါနဲ့ ဒီ Lesbian, Gay တွေအကြောင်း ရိုက်မယ်ဆိုပြီး Kings & Queens ဆိုတဲ့ LGBT (Lesbian, Gay, Bisexual, Transgender) အဖွဲ့အစည်းလေး အကြောင်းကို ရိုက်ဖြစ်ဖို့လုပ်တယ်။ ပထမရိုက်ဖို့ရတဲ့ အိုင်ဒီယာက ဒီ Documentary Film ကနေ လူတွေရဲ့အမြင်ကို ပြောင်းစေချင်တာပါ။ 

ဒုတိယရတဲ့ အိုင်ဒီယာကတော့ ကျနော်ကိုယ်တိုင်ကလည်း Gay, Lesbian တွေအပေါ်ကို စိတ်ဝင်စားပေမယ့် ဒီအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် သေချာမသိဘူး။ အဲဒီကနေ ဒီ Kings & Queens ဆိုတဲ့ LGBT အဖွဲ့အစည်းလေးအကြောင်းကို Documentary Film ရိုက်ဖြစ်သွားတာပါ။

လက်ရှိ ကျနော်ရိုက်ထားတဲ့ Documentary အနေနဲ့ကတော့ ဒီ Kings & Queens ဆိုတဲ့ LGBT အဖွဲ့အစည်းအကြောင်း ရိုက်ထားတဲ့ ဇာတ်ကားတကားပဲ ရှိပါသေးတယ်။ ဒီ Kings & Queens မှာ Gay တွေနဲ့ပတ်သက်ပြီး ခွဲခြားခံရတာကို အားစိုက်ပြီးရိုက်ပြထားတယ်။ သူတို့ Gay တွေအနေနဲ့ ဘယ်လိုခွဲခြားခံရ တယ်၊ ဘယ်လိုခံစားနေရတယ်၊ ဘယ်လိုအမြင်ရှိလဲ ဆိုတာတွေကို General အနေနဲ့ အဖွဲ့အစည်းတခုလုံးကို ရိုက်ပြထားတယ်။ 

ဒီ Kings & Queens ဇာတ်ကားကို ၂၀၁၃ ခုနှစ်က စက်တင်ဘာ ၄ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်း၊ ဝေဇယန္တာရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဝဿန် တတိယအကြိမ် ရုပ်ရှင်ပွဲတော်မှာ ဝင်ပြိုင်ခဲ့ပါတယ်။ ဒီနှစ် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ဆွီဒင်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Uppsala International Short Film Festival မှာလည်း ပြသခဲ့ပါတယ်။ 

ဆက်ပြီးတော့ ကျနော် ထပ်ရိုက်ဖို့ရှိတာက ဒီလွန်ခဲ့တဲ့ မတ်လတုန်းက Gay Married အနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး လက်ထပ်သွားတဲ့ လိင်တူချစ်သူစုံတွဲ ကိုတင်ကိုကိုနဲ့ ကိုမျိုးမင်းထက်တို့ အကြောင်း Personal Story, သူတို့ရဲ့ Life အကြောင်းကို Documentary အနေနဲ့ ရိုက်သွားဖို့ရှိပါတယ်။ ဒီအကြောင်းအရာကို Documentary ရိုက်ကူးဖို့အတွက် ကျနော် အခုလက်ရှိ အလုပ်လုပ်နေတဲ့ Tagu Films ကနေ Support လုပ်ပေးတာပါ။

ကျနော် ငယ်ငယ်တုန်းက ဖြစ်ချင်ခဲ့တာတော့ ပန်းချီဆရာတယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် ကျနော် Pre-Collegiate Program တက်ပြီးနောက်မှာ ဓာတ်ပုံပညာကို စပြီးစိတ်ဝင်စားတယ်။ နောက် Internship အနေနဲ့ အလုပ်သင်လုပ်ပြီး နောက်ပိုင်းမှာ Film making အပိုင်းကို ပိုစိတ်ဝင်စားသွားပြီး လုပ်ဖြစ်တာပါ။

ကျနော်က Film making အပြင် တခြား ဘာတွေဝါသနာပါ သေးလဲဆိုတော့ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတယ်။ ပြီးတော့ စာအုပ်ဖတ်ရတာ၊ ဂစ်တာတီးရတာလည်း ဝါသနာပါပါတယ်။ ကျနော် ဓာတ်ပုံကို အဓိက ရိုက်ဖြစ် တာကတော့ Street Photography ကို ရိုက်ဖြစ်တာများတယ်။ ရှေ့ဆက်ပြီးတော့ ကျနော် ဘာဆက် လုပ်သွားဖို့ အစီအစဉ်ရှိလဲဆိုတော့ US မှာ Film making နဲ့ ပတ်သက်ပြီးတော့ သင်တန်းကျောင်းမျိုး သွားတက်ချင်တယ်၊ ဒါပေမယ့်  မသေချာသေးပါဘူး။ ကျနော်က နိုင်ငံရေးသိပ္ပံကိုလည်း စိတ်ဝင်စားတော့  ရွေးချယ်နေတုန်းပါ။


သီဟတိုး 
Source:Irrawaddy
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment