အစိုးရနှင့် ကေအိုင်အေတိုက်ပွဲ ကြားသက်သေထား စုံစမ်းစစ်ဆေးရန် လိုအပ်ဟုဆို

အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ရည်ရွယ်ချက်ရှိရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေလားဆိုတာ ကြားသက်သေထားပြီး စုံစမ်းစစ်ဆေးဖို့ လိုတယ်လို့ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွန်မော်က ဒီဗွီဘီကို ပြောပါတယ်။ နိုဝင်ဘာ ၂၉ ရက်က ဒီဗွီဘီနဲ့ သီးသန့်မေးမြန်းခန်းမှာ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပြီး ကုလကိုယ်စားလှယ်၊ တရုတ်ကိုယ်စားလှယ်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ ကြားသက်သေထား စုံစမ်းစစ်ဆေးဖို့ ပြောလိုက်တာပါ။ ဗိုလ်ချုပ်ဂွန်မော်က “တိုက်ပွဲတွေဟာ ဆုံတွေ့ပြီးမှ မမျှော်လင့်ဘဲဖြစ်တဲ့ တိုက်ပွဲတွေလည်း ရှိတယ်။ သို့သော်လည်းပဲ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်တဲ့ တိုက်ပွဲတွေ ပါသလားဆိုတာ ဖြစ်နိုင် လို့ရှိရင် ကြားသက်သေတွေပါပြီးမှ စုံစမ်းစစ်ဆေးဖို့ လိုပါတယ်။ ယုံကြည်ရတဲ့ ပုဂ္ဂိုလ်တွေ၊ အရပ်ဘက်အ ဖွဲ့အစည်းတွေ၊ နောက် အခု ဆွေးနွေးပွဲတွေမှာ ပါဝင်နေတဲ့ ကုလသမဂ္ဂနဲ့ တရုတ်ကိုယ်စားလှယ်တွေ ရှိပါတယ်။ လိုအပ်လာရင် ကျနော်တို့က ယူအန်ကိုယ်စားလှယ်နဲ့ တရုတ်ကိုယ်စားလှယ်တွေ ပါပြီးတော့ ပြည်တွင်းမှာရှိတဲ့ CSO (လူမှုအခြေပြုအဖွဲ့အစည်း) တွေ အကူအညီနဲ့ ဖြေရှင်းဖို့ သင့် မသင့် ကျနော်တို့ ဗဟိုကော်မတီမှာ ဆွေးနွေးနေပါတယ်” လို့ ပြောပါတယ်။ လိုင်ဇာ ဗိုလ်သင်တန်းကျောင်း ပတ်ခတ်မှုနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ သတိပေးပြီး ပစ်လိုက်တာဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့တော့ ဘယ်လို သတိပေးတာလဲ၊ ပြင်းပြင်းထန်ထန်သိပေးတာလားဆိုတာကို လူထုက အဆုံးအဖြတ်ပေးလိမ့်မယ်လို့လည်း သူက ပြောပါတယ်။ လိုင်ဇာ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်မှု အဖြစ်မှန်ကို ကေအိုင်အိုအနေနဲ့ နှစ်ဘက်ညှိနှိုင်းပြီးအဖြေရှာဖို့ တောင်းဆိုထားပါတယ်။ လိုင်ဇာပတ်ခတ်မှုနဲ့ ပတ်သက်ပြီး နောင်တချိန်ချိန်မှာ အစိုးရကလည်း သူရထားတဲ့ သတင်းအချက်အလက်ကို အခြေခံပြီးပြော၊ ကေအိုင်အိုဘက်ကလည်း သူတို့ရထားတဲ့ အချက်အလက်ကို အခြေခံပြီးပြောကြတဲ့အတွက် ပြည်သူအနေနဲ့ အဖြစ်မှန်သိခွင့် မရမှာ ကေအိုင်အိုအနေနဲ့ စိုးရိမ်နေတာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့က ကေအိုင်အေရဲ့ ဗိုလ်သင်တန်းကျောင်းကို အစိုးရစစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစိုးရရဲ့ ဖြေရှင်းပုံက တဖက်သတ် ဆန်နေတယ်လို့ ကေအိုင်အေ ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ဒီဗွီဘီကို ပြောပါတယ်။ အဲ့ဒီအဖြစ်အပျက်မှာ ကေအိုင်အေရဲ့ မဟာမိတ် ဗိုလ်လောင်း ၂၃ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အစိုးရကတော့ သတိပေးပစ်ခတ်တာသာ ဖြစ်တယ်လို့ ပြောသလို ၂ ဖက်အပြန်အလှန် စွပ်စွဲမှုတွေကလည်း ရှိနေပါတယ်။ ဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာ ၂ ဖက်တပ်တွေ အခြေအနေတွေ ဆက်ပြီး တင်းမာနေပါတယ်။ ကေအိုင်အေဟာ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီးနောက် အစိုးရက ကေအိုင်အေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားအပေးခဲ့တဲ့အတွက် ၂၀၁၁ ခုနှစ် ဇွန်လကစပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာပါ။ ရွှေအောင် (ဒီဗွီဘီ) Source : http://burmese.dvb.no/archives/72301
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment