ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှုး Lionel Messi ဟာ သူ့ရဲ့ လာလီဂါ မှာ ကစားခဲ့တဲ့ သက်တမ်း ပွဲ ၃၀၀ မြောက်ပွဲစဉ်ဖြစ်တဲ့ လီဗန်တေး နဲ့ ပွဲစဉ်မှာ ဟက်ထရစ် ဂိုး သွင်းယူပြီး အောင်ပွဲခံခဲ့ပါတယ်။ ထို ပွဲစဉ်မှာ ဘာစီလိုနာ အသင်းက လီဗန်တေး အသင်းကို ၅ ဂိုး ၊ ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပြီး ထိုပွဲစဉ်မှာ Messi ဟာ ၃ ဂိုးဆက်တိုက် သွင်းယူပြီး ဟက်ထရစ် ရရှိခဲ့တာဖြစ်ပါတယ်။
ကျန်တဲ့ ၂ ဂိုးကိုတော့ ဘရာဇီးလ် ကစားသမားဖြစ်တဲ့ Neymar နဲ့ Luiz Suarez တို့ကအသီးသီး သွင်းယူ ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိ စပိန် လာလီဂါ ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား စာရင်းမှာ Messi ဟာ ဒီနှစ် ဘောလုံးရာသီအတွက် ၂၆ ဂိုး သွင်းယူပြီး ဒုတိယ နေရာ မှာ ရပ်တည်နေပါတယ်။ ရီးရဲ မက်ဒရစ် အသင်းရဲ့ ကြယ်ပွင့် Christiano Ronaldo ကတော့ ၂၈ ဂိုးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
Messi ရဲ့ ဘာစီလိုနာ တိုက်စစ် ကစားဖော် Neymar ကတော့ ၁၇ ဂိုးသွင်းယူထားပြီး တတိယ နေရာ မှာရပ်တည်နေပါတယ်။ Lionel Messi ဟာ ဘာစီလိုနာမှာကစားခဲ့တဲ့ သက်တမ်း ပွဲ ၃၀၀ ပြည့်မှာ စုစုပေါင်း ၂၆၉ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Messi ဟာ သူ့ရဲ့ ကစားဖော်တွေ ဂိုးသွင်းနိုင်ဖို့ ၁၀၇ ဂိုးတိတိ စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Credit : http://www.mirror.co.uk

Source:Thithtoolwin.com
0 comments:
Post a Comment