ဗဟိုဘဏ်နှင့် အိုင်အက်ဖ်စီ ပူးပေါင်းကာ ချေးငွေ သတင်းအချက်အလက်စုစည်းမှု အစီရင်ခံစာ ရေးဆွဲ

ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (International Finance Corporation)နှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်တို့ ပူပေါင်းကာ ချေးငွေ သတင်းအချက်အလက် စုစည်းမှု အစီရင်ခံစာစနစ် ရေးဆွဲနေကြောင်း IFC က နိုဝင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ပြည်တွင်းပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများကို ဘဏ်ချေးငွေ ထုတ်ချေးရာ၌ ပိုမိုအ ဆင်ပြေရန် အဆိုပါချေးငွေ အချက်အလက်အစီရင်ခံစာရေးဆွဲပြီး လာမည့် ၂၀၁၆ တွင် ယင်းနှင့်သက်ဆိုင်သည့် ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းတစ်ရပ် Credit Bureau ကိုပါ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
IFC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Vikram Kumar က “ချေးငွေ ချေးယူသူတွေရဲ့ အချက်အလက်တွေ ငွေကြေး ဆိုင်ရာတွေ၊ ချေးငွေပြန်လည်ပေးချေမှုတွေကို သေသေချာချာ မှတ်ထားတဲ့ စနစ် တစ်ခုရှိလာရင် နောက်ပိုင်းသူ့ကို ဘဏ်တွေက ဒီအချက်တွေကိုကြည့်ပြီး မြန်မြန်ဆန်ဆန် ငွေချေး ပေးမယ်ဆိုရင် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အများကြီး အထောက်အကူပြု လာမှာ ပါ”ဟု ဆိုသည်။
ချေးငွေသတင်းအချက်အလက် စုစည်းမှု အစီရင်ခံစာစနစ် ရေးဆွဲနိုင်ရန် စည်းမျဉ်းဥပဒေမူကြမ်းကိုလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဗြိတိန်နိုင်ငံနှင့် နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဌာန တာဝန်ရှိသူများနှင့် ပူးပေါင်းရေးဆွဲနေပြီ ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ချေးငွေအချက်အလက်ဆိုင်ရာ ပြုစုနည်းများကိုလည်း ဘဏ်လုပ်ငန်းဝန်ထမ်းများနှင့် တာဝန်ရှိသူများကို ဖြန့်ဝေပေးခြင်းနှင့် ပြည်သူများကိုလည်း ယင်းအသိအမြင်များ တိုးပွားစေရန် ဟောပြောဆွေးနွေးမှုများကို လည်း IFC မှ ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟုလည်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
ယင်းအချက် အလက်စုစည်းမှုလုပ်ငန်းများနှင့် သက်ဆိုင်သည့် Credit Bureau မှ ၂၀၂၀ ပြည့်နှစ် ဇွန်လ အရောက်၌ ငွေကြေးဆိုင်ရာ သတင်းအချက်အလက် မေးမြန်းမှုပေါင်း သုံးသန်းခန့် ဆောင်ရွက်ပေးသွား နိုင်မည်ဟုIFC က ခန့်မှန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source:Mizzimaburmese.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment