ဒေါ်လာဈေး တက်သော်လည်း ပို့ကုန်ကျဆင်းနေ

ရန်ကုန် (မဇ္ဈိမ)။ ။ အမေရိကန်ဒေါ်လာဈေး မြင့်တက်လာ သော်လည်း ပို့ကုန်လုပ်ငန်းများ ကျဆင်းနေကြောင်း လုပ်ငန်းရှင်များ က ပြောသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က “အခု ဒေါ်လာဈေးတွေ တက်လာတယ်ဆို ပေမယ့် ငါးလုပ်ငန်း ကဏ္ဍမှာပို့ဖို့ ပစ္စည်းမရှိဘူးဖြစ်နေတယ်။ အရင်တုန်းက တစ်ဒေါ်လာ ကျပ် ၁,၀၀၀ အောက်တုန်းကတော့ ဒေါ်လာလဲလှယ်နှုန်း နိမ့်လို့ခံရတယ်။ အခု ဈေးရပြန်တော့လည်း ပို့ကုန်က ကျနေတယ်” ဟု ဆိုသည်။
မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍသည် ပြီးခဲ့သည့်နှစ်က ကန်ဒေါ်လာ သန်း ၆၅၀ ကျော် တင်ပို့နိုင်ခဲ့သော် လည်း ယခုနှစ်တွင် ကန်ဒေါ်လာ သန်း ၄၀၀ ဝန်းကျင်လောက်သာရရှိမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
ပဲပို့ကုန်လုပ်ငန်းရှင် ဒေါက်တာမင်းဇော်က “အခု ဒေါ်လာဈေးတက်လို့ ပဲဈေးမြင့် လာတဲ့အချိန် ပဲလက်ကျန် မရှိဘူးဖြစ်နေတယ်။ အိန္ဒိယအဆွဲများတဲ့ မတ်ပဲဆိုရင် တန်ခြောက်သောင်းလောက်ပဲရှိတယ်။ တရုတ်ကို တင်ပို့တဲ့ ပဲတီစိမ်းဆို တန်တစ်သောင်းအောက်ပဲ ကျန်တော့တယ်” ဟု ဆိုသည်။
ဒေါ်လာဈေးမှာ နိုဝင်ဘာလလယ်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၁,၀၃၀ ကျော်အထိ မြင့်တက်လာသော်လည်း မြန်မာ့ပို့ကုန်များ နည်းပါးနေ သည်ဟု ဆန်ကုန်သည်များက ပြောကြားခဲ့သည်။
ဝါးတန်း ဆန်ကုန်စည်ဒိုင် ဒု-ဥက္ကဋ္ဌ ဦးအောင်ကြည်စိုးက “အခု ဒေါ်လာဈေး တက်လာပေမယ့် ပို့ကုန်လိုင်းတွေ သိပ်မကောင်းဘူး။ တရုတ်က ကျပ်လာတော့ ဆန်ပို့ကုန်သမားတွေ မ၀ယ်ရဲဘူး။ အရင်က ပြောပြီးဆို ပြီးသားတွေလောက်ပဲ မတင်မဖြစ်သွားနေတာ” ဟု ဆိုသည်။
Source:mizzimaburmese.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment