တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း မထားရန် လွှတ်တော်မှာ ဆွေးနွေး

အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးရာမှာ တပ်မတော် သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော်မှာ မထားဘဲ ကာကွယ်ရေးနဲ့ လုံခြုံရေးပိုင်းမှာ တာဝန်ပေးဖို့ ဆွေးနွေး ခဲ့တယ်လို့ ချင်းပြည်နယ် ထန်တလန် မဲဆန္ဒနယ်က ဒေါ်ဇာတလဲမ်းက ပြောပါတယ်။

“တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို အုပ်ချုပ်ရေးပိုင်းမှာ မထားဘဲနဲ့ ဒီမိုကရေစီကို ပုံဖော်လာနိုင်အောင် ပြည်သူအစိုးရ စစ်စစ်ပေါ်လာနိုင်အောင် သူတို့ကို ကာကွယ်ရေးနဲ့ လုံခြုံရေးမှာဘဲ ထားစေချင်တယ်။ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်ရတဲ့ အခါမှာ တပ်မတော်သားတွေ ရှိရင် ပြည်သူလူထုက အယုံအကြည် မရှိတော့ဘူး။ စစ်အာဏာရှင်နဲ့ အကြာကြီး ကျမတို့နိုင်ငံက သွားပြီဆိုတော့ ပြည်သူလူထု အယုံအကြည်ရှိအောင် ကျမ တင်ပြရခြင်း ဖြစ်ပါတယ်” လို့ ဒေါ်ဇာတလဲမ်းက ပြောပါတယ်။

ဒါ့ပြင် သမ္မတ ၃ ဦးကို ပြည်သူက ရွေးချယ်တဲ့ လွှတ်တော် ကိုယ်စားလှယ်ထဲကပဲ ရွေးချယ်ဖို့၊ ဗဟိုအုပ်ချုပ်ရေး စနစ်ကို လျော့ချပြီး တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်တွေမှာ အုပ်ချုပ်ခွင့် အာဏာကိုပိုမိုပေးဖို့၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကို ခန့်အပ်ရာမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်ရိုက် ရွေးချယ်ခန့်ထားဖို့ စတာတွေလည်း ဆွေးနွေးခဲ့တယ်လို့ သူက ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက် ပြည်ထောင်စု လွှတ်တော်မှာ အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြတာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၃၃ ဦးက တစ်ဦးကို ၈ မိနစ်ကြာ ဆွေးနွေးခွင့်ပေးခဲ့တာပါ။

တပ်မတော်သားကိုယ်စားလှယ်တွေတော့ အခြေခံ ဥပဒေ ပြင်ဆင်ဖြည့်စွက်သင့်တာတွေကို ဆွေးနွေးကြပေမယ့် အများစုက ဖွဲ့စည်းပုံမပြင်ဆင်ပဲ မူလအတိုင်းထားရှိဖို့ ဆွေးနွေးခဲ့ကြပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/71295
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment