ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူတွေ အာရုံထားဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြားds

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ နိုင်ငံသူ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တာကြောင့် ပြည်သူတွေက စိတ်ဝင်စားကြဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားပါတယ်။

ပြည်ထောင်စု လွှတ်တော်ကို ဒီကနေ့ လာရောက်လေ့လာတဲ့ နေပြည်တော် ကောင်စီနယ်မြေ ပုပ္ပသီရိမြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

"ဖွဲ့စည်ပုံ အခြေခံ ဥပဒေဆိုတာ နိုင်ငံသူ၊ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တယ်၊ ဒီလွှတ်တော်ထဲလည်း သက်ဆိုင်တယ်၊ အမျိုးသမီးတွေကလည်း စိတ်ဝင်စားရမယ်နော်၊ မီးဖိုထဲအထိရောက်လာတာ ဖွဲစည်းပုံအခြေခံဥပဒေဆိုတာ အဲ့ဒီတော့ အမျိုးသမီးတွေဆိုတာ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးတော့ စိတ်ဓါတ်မထားပါနဲ့ တက်နိုင်သမျှနိုင်ငံရေးကို လိုက်စားကြပါ၊ ပြည်သူလူထုတွေက နိုင်ငံရေး တက်ကြွမှုရှိမှ တကယ်တော့ ဒီနိုင်ငံမှာ တကယ့်ဒီမိုကရေစီဟာ ပြည်သူ့အုပ်ချုပ်ရေးပေါ့၊ ပြည်သူ့အုပ်ချုပ်ရေးဆိုတာ ပြည်သူကအရည်အချင်းရှိမှ ပီပီပြင်ပြင်လုပ်နိုင်မှာပေါ့၊ ဒါကြောင့်မို့လို့ ကိုယ်အရည်အချင်းတွေကို ကိုယ်မြှင့်တင်ဖို့လိုတယ်"

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၃၀ကျော်က ဆွေးနွေးခဲ့ကြပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးဆွေးနွေးရာမှာ ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) စတဲ့ပုဒ်မတွေကို မပြင်ဆင်ဖို့ ဆွေးနွေးကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment