ဓမ္မစေတီခေါင်းလောင်း ရှာဖွေခွင့် ထပ်မံရရှိသူ ပုဂ္ဂလိက သင်္ဘောအရာရှိဟောင်း ဦးကျော် ၀င်း ဦးဆောင်သော ခေါင်း လောင်းရှာဖွေရေးလုပ်ငန်းမှာ ဇန် န၀ါရီ ၁၂ ရက် နံနက်က စတင်ခဲ့သော်လည်း ထူးခြားမှုမရှိသေး ဟု ၎င်းကပြောကြားသည်။
ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေဆယ်ယူရန် ဦးကျော်ဝင်း အား ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်တွင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
အိပ်မက်အရ ရှာဖွေမည်ဟု ဆိုကာ ဓမ္မစေတီခေါင်းလောင်း ကို ရန်ကုန်မြို့တောင်ဘက် ၁၀ မိုင်အကွာ သန်လျင်ရေနံချက်စက် ရုံဆိပ်ကမ်းအနီး ကိုက် ၁၀၀ ၀န်း ကျင်ရန်ကုန်မြစ်အတွင်း၌ရှာဖွေ နေခြင်းဖြစ်သည်။
ဦးစံလင်းရှာဖွေခဲ့သည့် မြစ် သုံးဆိုင်နေရာတွင် ရှာဖွေမည် မဟုတ်ဘဲ ၎င်း၏အိပ်မက်အရ နေရာပြောင်းရှာဖွေခြင်းဖြစ်သည်။
‘‘ကိုယ်ရှေ့က မအောင်မြင် တာလို့၊ အိပ်မက်ကို အကောင်အ ထည်ဖော်တာလည်းဖြစ်လို့သေ ချာမှ အများပြည်သူကို ပြောချင် တယ်’’ဟု သတင်းစာရှင်းလင်းပွဲ မပြုလုပ်ခြင်းနှင်ပတ်သက်၍ ဦးကျော်ဝင်းက ရှင်းပြသည်။
ရှာဖွေရာတွင် တိုင်းတာ သည့် စက်က ရေအနက်ကို မဖော်ပြနိုင်ဘဲ ရေအောက်ပုံရိပ်မပေါ် သဖြင့် စက်ကို ပြန်လည်ပြုပြင်ရ မည်ဟုဆိုသည်။
ယခုရှာဖွေသူ ဦးကျော်ဝင်း က ၎င်းပိုင်ဆိုင်သောငွေကြေးဖြင့် သာ ရှာဖွေမည်ဟုသိရသည်။
Source:7daydaily

0 comments:
Post a Comment