ကမ္ဘာ့ရေနံဈေးကျခြင်းကြောင့် မြန်မာ့ဓာတ်ငွေ့ ရောင်းရငွေ လျော့ဖွယ်ရှိ

မြန်မာအစိုးရသည် သ ဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှု မှ သီတင်းတစ်ပတ်လျှင် အမေရိကန်ဒေါ်လာသန်း ၄၀ ရရှိနေပြီး ကမ္ဘာ့ရေနံဈေးကျဆင်းမှုကြောင့် ၀င် ငွေ လျော့ကျသွားဖွယ်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြော သည်။

လက်ရှိ မြန်မာ့ကမ်းလွန်ပင် လယ်ပြင်တွင် ရဲတံခွန်၊ ရတနာ၊ ရွှေနှင့် ဇောတိက သဘာဝဓာတ် ငွေ့တူးဖော်ရေး လုပ်ငန်းများမှ နေ၍ တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချ လျက်ရှိပြီး ကမ္ဘာ့ရေနံဈေး ကျ ဆင်းမှုဒဏ်ကို ခံစားရမည်ဖြစ် သည်။ ‘‘ရေနံဈေးနဲ့ သဘာဝဓာတ် ငွေ့ဈေးက ဆက်စပ်နေတာပါ။ ကမ္ဘာ့ရေနံဈေးက တအားကျနေ တော့ သဘာဝဓာတ်ငွေ့ဈေး လည်း ကျဆင်းနေပါတယ်။ ဘယ် လောက်ဝင်ငွေ လျော့သွားမလဲ တော့ မသိရသေးဘူး’’ ဟု စွမ်း အင်ဝန်ကြီးဌာနမှ အဆင့်မြင့်အ ရာရှိက ပြောသည်။

သဘာဝဓာတ်ငွေ့ဈေးနှုန်း များ ကျဆင်းနေခြင်းကြောင့် သ ဘာဝဓာတ်ငွေ့ တူးဖော်ထုတ် လုပ်နေသော နိုင်ငံခြားကုမ္ပဏီ များအပေါ်တွင် သက်ရောက်မှုရှိနေပြီး မကြာသေးမီက လုပ် ငန်းစတင်ခဲ့သော ရွှေနှင့် ဇောတိ ကလုပ်ငန်းတို့အနေဖြင့် ထိခိုက်မှု များရှိနေသည်။

‘‘အရင်ကတည်းက တူးဖော် ထုတ်လုပ်နေတဲ့ လုပ်ငန်းတွေအ တွက်ကတော့ အမြတ်နည်းတာပဲ ရှိမှာပေါ့။ မကြာခင်ကမှ တူးဖော် ထုတ်လုပ်မှု စတင်ခဲ့တဲ့ လုပ်ငန်း တွေကို ပိုမိုထိခိုက်နိုင်ပါတယ်’’ ဟု အထက်ပါပုဂ္ဂိုလ်က သုံးသပ် သည်။

ကမ္ဘာ့ရေနံဈေးသည် ၂၀၁၄ ဇွန်လမှစတင်၍ ရေနံစိမ်း တစ်စည်လျှင် အမေရိကန်ဒေါ် လာ ၁၀၀ ကျော်မှ ယခုအခါ အ မေရိကန်ဒေါ်လာ ၅၀ အောက်ထိ ထက်ဝက်ကျော် ကျဆင်းနေခြင်း ဖြစ်သည်။ ကမ္ဘာ့ရေနံဈေးကျ ဆင်းမှုအနေဖြင့် ၂၀၀၉ တွင် အနိမ့်ဆုံးအဖြစ် ရေနံစိမ်းတစ် စည်လျှင် အမေရိကန်ဒေါ်လာ ၄၀ အောက်ထိ ရောက်ခဲ့ဖူးသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ ထိုးဆင်းနေချိန်သည် မြန်မာ့ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက်များအတွက် နိုင်ငံတကာကုမ္ပဏီများနှင့် ထုတ် လုပ်မှုခွဲဝေရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးချိန်နှင့် တိုက်ဆိုင်နေသည်။
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment