မီးလောင်ကျွမ်း ဒဏ်ရာဖြင့် သေဆုံးခဲ့သည့် အမျိုးသမီး ၀တ်ဆင်လာသော လက်ဝတ် လက်စားများမှာ စိန်အစစ်များဖြစ်နေ



နေပြည်တော်၊ ဥတ္တရ သီရိမြို့နယ်၊ မကွေး (ကံပြား) လမ်းမဘေး၌ မီးလောင်ကျွမ်း ဒဏ်ရာဖြင့် သေဆုံးခဲ့သည့် အမျိုးသမီး အလောင်းတွင် ၀တ်ဆင်လာသော ဖန်စီ ပစ္စည်းဟု ယူဆထားသည့် ပစ္စည်းများမှာ စိန်အစစ်များဟု စစ်ဆေး တွေ့ရှိရကြောင်း နေပြည်တော် တပ်ရှိန်း နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်တင့်လွင်က The Messenger Media သို့ပြောသည်။

“လက်ဝတ် လက်စားတွေက မီးရှို့ထားတဲ့ လူအဆီနဲ့ မည်းပြီး လုံးနေတော့ ချက်ချင်း မသိရဘူး။ ငရဲမီးနဲ့ နှစ်ခါ စစ်ဆေးကြည့်တော့မှ ဖန်စီ လက်ဝတ် လက်စားတွေ မဟုတ်ဘဲ စိန်အစစ်တွေ ဖြစ်နေတာ သိရတယ်” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ စိန်လက်ဝတ် လက်စားများမှာ စိန်လက်ပတ် ဟန်းချိန်းနှင့် စိန်ဆွဲသီးများဖြစ်ပြီး ကာလတန်ဖိုး အနေဖြင့် ဆယ်သိန်းခန့် ရှိမည် ဖြစ်ကြောင်း၊ အဆိုပါ ပစ္စည်းအပေါ် မူတည်၍ သေဆုံးသူ မည်သူ ဖြစ်ကြောင်းကို အသေးစိတ် စုံစမ်းနေကြောင်း တပ်ရှိန်း နယ်မြေ ရဲစခန်းထံမှ သိရသည်။

သေဆုံးသူ အမျိုးသမီး ၀တ်ဆင်ထားသည့် စိန်လက်ပတ် ဟန်းချိန်း၏ အလယ်တွင် စိန်ဖြူသန့် စိန်ကိုးပွင့်နှင့် ကျောက်ပါ ရွှေအလေးချိန်မှာ ခြောက်ပဲခန့်ရှိပြီး အလျား (၆ ဒသမ ၃) လက်မရှိကြောင်းနှင့် စိန်ဆွဲသီးတွင် စိန်အသေး (၅၉) ပွင့်ပါရှိကာ အလျား (၁ ဒသမ ၅)လက်မ အနံ (၁) လက်မရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

“မှုခင်း ဆရာဝန်ရဲ့ ဆေးစစ်ချက်က မရသေးဘူး။ သေဆုံးသူရဲ့ ပိုင်ရှင် ပေါ်လာနိုးနဲ့ အခုချိန်ထိ မသင်္ဂြိုဟ် ရသေးဘူး။ သေဆုံးသူဟာ ဒီနားတစ်ဝိုက်က မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူပျောက်တိုင်ကြားခြင်း မရှိသေးလို့ပဲ” ဟု နေပြည်တော် တပ်ရှိန်း နယ်မြေ  ရဲစခန်းမှ စခန်းမှူး ရဲအုပ်တင့်လွင်က ပြောသည်။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့ နံနက် (၈) နာရီ မိနစ် (၄၀) အချိန်ခန့်က နေပြည်တော် ဥတ္တရ သီရိမြို့နယ် မကွေး(ကံပြား) ကားလမ်း မိုင်တိုင် အမှတ် ( ၄/၅) အနီး နေသူ ကိုဇေယျာဦး (၃၅) နှစ်ထံ တဲနီးချင်း နေထိုင်သူ ဦးဆန်းဋ္ဌေး ရောက်လာပြီး မကွေးဘက်မှ နေပြည်တော်ဘက် မောင်းနှင်သွားသော မော်တော်ယာဉ် တစ်စီးမှ မိုင်တိုင် (၃/၃-၄) အကြား ကားလမ်း အရှေ့ဘက်တွင် လူသေအလောင်း တစ်လောင်းအား ခွေးများ ဆွဲနေကြောင်း ပြောကြား သွားသဖြင့် သေချာစေရန် သွားရောက်ကြည့်ရှုရန် ပြောသဖြင့် တဲနီးချင်းများနှင့် အတူ သွားကြည့်ရာ အဆိုပါ နေရာ ကားလမ်း အရှေ့ဘက်ကိုင်း တောစပ် အနီးတွင် မီးလောင် ကျွမ်းထားသော အမျိုးသမီး ရုပ်အလောင်းအား ပက်လက် အနေအထားဖြင့် ဦးခေါင်းထိပ်တွင် ပေါက်ပြဲ ဒဏ်ရာဝဲ၊ ယာပေါင် နှစ်ဖက်စလုံးတွင် အသားစများအား ခွေးဆွဲထားသည့် ဒဏ်ရာများ၊ ယာဘက် လက်ကောက်ဝတ်တွင် ခွေးများ ကိုက်ဖြတ် ဆွဲထားသော ဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ကြရသည်ဟု ပြည်ထဲရေးရုံးမှ သတင်း ထုတ်ပြန်ထားသည်။

မီးလောင်ပြီး သေဆုံးနေသည့် အမျိုးသမီး သေဆုံးရခြင်းနှင့် ပတ်သက်၍ စစ်ဆေးပေးနိုင်ပါရန် နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံသို့ ပို့ခဲ့ပြီး အမှုအား တက်ရှိန်း နယ်မြေ ရဲစခန်း (ပ) ၄/၂၀၁၅ ၊ ပြစ်မှုပုဒ်မ ၃၀၂ / ၂၀၁ ဖြင့်ရေးဖွင့်ပြီး စခန်းမှူးရဲအုပ် တင့်လွင်မှ စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

MDN
The Messenger Media
http://www.messengerdaily.com/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment