ခန္တီးမြို့နယ်တွင် ငွေကျပ် သိန်း ၄၀ ဖိုးခန့် ဓားပြတိုက် လုယူမှုဖြစ်ပွား



ခန္တီး ၊ ၁၉-၂-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့နယ် လင်းဖားကျေးရွာ အုပ်စု ကျားကိုက်ကျေးရွာ ရှိ ကုန်စုံဆိုင်တွင် ဖေဖော်ဝါရီ ၁၆ ရက် ည ၇ နာရီခွဲ ခန့်က လူခြောက်ဦး သည် ပစ္စတို သေနတ်ဟု ယူဆရသော လက်နက် ကိုယ်စီ ကိုင်ဆောင်၍ ငွေကျပ် ၁၉ သိန်းနှင့် အတူ ကုန်ပစ္စည်း မျိုးစုံ ငွေကျပ်သိန်း ၄ဝ ဖိုးခန့် ဓားပြတိုက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ကုန်စုံဆိုင်သို့ အမည်မသိ လူခြောက်ဦး သည် ပစ္စတို သေနတ်ဟု ယူဆရသော သေနတ်များ ကိုယ်စီ ကိုင်ဆောင်၍ ကုန်မျိုးစုံ အရောင်းဆိုင် ပိုင်ရှင်ကို အိပ်ရာမှ ထရန် နှိုးခဲ့သည်။ ထို့နောက် ၄င်း လက်နက်ကိုင် လူခြောက်ဦးသည် ဈေးဆိုင် အတွင်းသို့ ဝင်ရောက် လာပြီး ဆိုင်ပိုင်ရှင် ဖြစ်သူထံ ငွေကျပ် သိန်း ၁၅ဝ ပေးရန် တောင်းဆို ခဲ့သည်။

ဆိုင်ပိုင်ရှင်က ၄င်းတို့ တောင်းသော ငွေကြေးများ မရှိကြောင်း ပြောပြခဲ့ရာ ထိုသူတို့က ဆိုင်ရှင်ထံ သော့များ တောင်းယူပြီး ဆိုင်အတွင်း သော့များ ဖွင့်၍ လိုက်လံရှာဖွေ ခဲ့ရာ ဆိုင်နံရံ အိပ်ခန်းအတွင်း ပလတ်စတစ် အိတ်ဖြင့် ထည့်၍ ချိတ်ဆွဲထား သော ငွေကျပ် ၁၉ သိန်း၊ သေတ္တာ အတွင်းမှ ရွှေထည် ပစ္စည်းမျိုးစုံ လေးကျပ်သား၊ Huawei လက်ကိုင်ဖုန်း တစ်လုံး၊ Red Ruby စီးကရက် ခြောက်ကာတွန်း၊ Myanmar Beer ၂၄ ဘူးပါ ဖာနှစ်ဖာ၊ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် သိန်း ၄ဝ ခန့်ကို အဆိုပါ လက်နက်ကိုင် လူခြောက်ဦး အဖွဲ့က ယူဆောင် ထွက်သွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ကုန်မျိုးစုံ ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ၏ တိုင်တန်းချက်ကို ခန္တီးမြို့မ ရဲစခန်းက ပြစ်မှုကြီး ဖြစ်စဉ် အမှတ်၎/ ၂ဝ၁၅(ပ) ၁၄/၂ဝ၁၅ ပြစ်မှုပုဒ်မ- ၃၉၅ အရ အမှုဖွင့် လက်ခံခဲ့ပြီး အဆိုပါ ပြစ်မှုဖြစ်စဉ် ဖြစ်ပွားသည့် နေရာသည် လင်းဖား နယ်မြေ ရဲစခန်းအပိုင် နယ်မြေ အတွင်း ဖြစ်ပွားခဲ့သည့် အတွက် ၄င်း အမှုတွဲကို လင်းဖားနယ်မြေ ရဲစခန်းသို့ တစ်ဆင့် လွှဲပြောင်း ပေးအပ်ခဲ့ရာ လင်းဖား ရဲစခန်းက ပြစ်မှုကြီး ဖြစ်စဉ်အမှတ် ၁/၂ဝ၁၅ (ပ)၂/ ၂ဝ၁၅ ပြစ်မှုပုဒ်မ- ၃၉၅ အရ ဆက်လက်၍ လက်ခံ ခဲ့ကြောင်း သိရှိရသည်။

‪PyiChitThar‬
http://www.pyichitthar.com/2015/02/blog-post_55.html

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment