ကုန်းကြမ်းမြို့နယ်မှ ပညာရေးဝန်ထမ်း ၂၂ဦးကို တရုတ်နိုင်ငံမှတစ်ဆင့် ပြန်လည်ခေါ်ဆောင်မည်



ကုန်းကြမ်း ဖေဖော်ဝါရီ ၁၈

မြန်မာ့ တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော သောင်းကျန်းသူများဖြစ် ပွားခဲ့သော တိုက်ပွဲများကြောင့် ပိတ်မိနေသော ကုန်းကြမ်းမြို့နယ်မှ ပညာရေးဝန်ထမ်း ၂၂ဦးကို တရုတ်နိုင်ငံမှ တစ်ဆင့် ပြန်လည် ခေါ်ယူမည် ဖြစ်ကြောင်း ချင်းရွှေဟော်မြို့ လဝကမှူး ဦးစိုးမင်းက ယနေ့ပြောသည်။

''ခရီးလဲရှည်တယ်။ ပြီးတော့ သူတို့ လောက်ကိုင်တို့၊ ချင်းရွှေဟော်တို့ဘက် ဆင်းရင် တိုက်ပွဲတွေက အရမ်းဖြစ်နေတာ။လုံခြုံရေးအခြေအနေမပေးနိုင်ဘူး။ ဒါ ကြောင့် တရုတ်ဘက်က လှည့်ပြန်ခိုင်းတာ။ကျွန်တော်တို့တစ်ဖက်နိုင်ငံရဲ့ ပြည်သူ့ဆက်ဆံရေးအဖွဲ့တွေ နဲ့ ပူးပေါင်းဆောင်ရွက်နေပါ တယ်''ဟု ချင်းရွှေဟော်မြို့ လဝကမှူး ဦးစိုးမင်းက ပြော သည်။

ကုန်းကြမ်းမြို့နယ်မှ ပညာ ရေး ဝန်ထမ်းများအနေဖြင့် ရှင်ဖျင်ကိုင်း-ဆုန်ကန်-မော် ထိုက်-ဟွန်အိုင်မှ တရုတ်နယ် စပ်ဂိတ်ကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံ မုံဟုန်မြို့-နမ့် ဆန်-ချင်းရွှေဟော်(တရုတ်)မှ မြန်မာနိုင်ငံနယ်စပ်ဂိတ်ဖြစ်သော ချင်းရွှေဟော်သို့ရောက်ရှိမည် ဖြစ်ကြောင်း တရားမဝင်နိုင်ငံ ခြားသားများဝင်ရောက်မှုတား ဆီးကာကွယ်ရေးအဖွဲ့(မကဘ) မှတာဝန်ရှိသူ တစ်ဦးကပြော သည်။ ''တရုတ်နိုင်ငံနယ်စပ် တွင် ပညာရေးဝန်ထမ်း ၁၁ဦး ရောက်ရှိနေသည်ဟုသိရသော ကြောင့် စုစုပေါင်း ၃၃ ဦးကို သွားရောက်ခေါ်ယူရမည်''ဟု ၄င်းကပြောသည်။

တိုက်ပွဲများကြောင့် မော် ထိုက် အထွေထွေအုပ်ချုပ် ရေးမှူးရုံးမှ ဝန်ထမ်းရှစ်ဦး၊ ကုန်းကြမ်းမြို့နယ် လဝကရုံး မှ ဝန်ထမ်းလေးဦးတို့ အပြင် ဌာနဆိုင်ရာဝန်ထမ်းတချို့ ကျန် ရှိနေနိုင်ကြောင်း ဦးစိုးမင်းက သုံးသပ်ပြောကြားသည်။

The Union Daily
http://uniondaily.net/News/DetailView.aspx…
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment