ဈေးဆိုင်များ အခွန်လျော့ချပေးရေး ဈေးသည်များ တောင်းဆို


ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ဒီးမော့ဆိုမြို့ခန်းမတွင် ဈေးသည်များနှင့် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များက တွေ့ဆုံဆွေးနွေးနေကြစဉ် (ဓါတ်ပုံ - ရှားမြာ)
ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့မဈေး အတွင်းရှိ ဈေးဆိုင်များ အခွန်ကောက်ခံမှု လျော့ချပေးပါရန် မြို့နယ် စည်ပင်သာယာရေး ဌာနသို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဈေးသည်များက တောင်းဆို လိုက်ကြသည်ဟု သိရသည်။

ဒီးမော့ဆိုမြို့ ခန်းမဆောင်တွင် ဈေးသည်များနှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ဈေးဆိုင်များ အခွန်ကောက်ယူမှုကိစ္စရပ်များနှင့် ပတ်သက်၍ ဒီးမော့ဆိုမြို့ ခန်းမဆောင်တွင် အစည်းအဝေး တရပ်ကျင်းပပြုလုပ်ကြရာမှ ယခုကဲ့သို့ ဈေသည်များက တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ယခင်နှစ်များတွင် ၉ ပေ ပတ်လည် အခန်းဖွဲ့ထားကြသည့် ဈေးဆိုင် တန်းများကို ဈေးဆိုင်တန်းတစ်ရုံလျှင် တစ်နှစ်ခွဲကာလဖြင့် စည်ပင်မှ ကျပ် ၂၅၃၀၀၀ နှုန်းဖြင့် ကောက်ခံခဲ့ကြရာမှ ယခုအခါ ကျပ် ၁၅၀၀၀၀ နှုန်းဖြင့်သာ လျော့ကောက်ပေးပါရန် တောင်းဆိုခဲ့သည်ဟု ဈေးသည်တဦးက ပြောသည်။

၎င်းက “ဦးတို့ဈေးက အရောင်းဝယ်မကောင်းဘူး အခုအားလုံးဆန္ဒအတိုင်း ၁ သိန်းခွဲ တောင်းဆိုတယ် အဲ၁သိန်းခွဲကို အရင်းကျစနစ်ဖြင့် ပေးဖို့တောင်းဆိုတယ် ”ဟု ပြောသည်။

ခက်ခဲမျိုးမျိုးကြောင့် ဈေးသည်များက အဆင်မပြေဖြစ်ကြသည့်အတွက် ယခုလို စည်ပင်ကော်မတီ နှင့်တွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်သည်ဟု သိရသည်။

ဈေးသည်များ တင်ပြတောင်းဆိုထားသည့်အတိုင်း အထက်သို့ တင်ပြပေးမယ်ဟု ဒီးမော့ဆို မြို့နယ် စည်ပင်ဦးစီးမှူး ဦးကျော်စိုး ကပြောသည်။

“အခွန်အရမ်းများတယ်ဆိုရင် ကျနော်တို့ကို ပြန်ညှိလို့ရတယ်။ ကျနော်တို့က တခွန်းဈေးမပြောထားဘူး ဈေးသည်တွေ အဆင်မပြေ အချင်းချင်းညှိပြီး ပြောပါ ကျနော်တို့ ဈေးနှုန်းပြန်ညှိပေးလို့ရတယ်” ဟု ဦးကျော်စိုး ကပြောသည်။

ရရှိလာသည့် အခွန်နှင့် ဈေးတွင်းရှိ လမ်းများ၊ တံခါးများနှင့် ဈေးဆိုင်များ၏ အမိုးများကို စနစ်တကျပြန်လည် တည်ဆောက်ပေးရန် အစီအစဉ်ရှိသည်ဟု ဦးကျော်စိုးက ဆက်ပြောသည်။

ဒီးမော့ဆိုဈေးအတွင်း ဈေးဆိုင်တန်းရုံများ ၂၆ ရုံရှိပြီး အခန်းခွဲ ၄၂၀ ရှိသည်ဟုသိရသည်။

စည်ပင်မှ ဈေး ရုံမပိုင်သည့် ဈေးသည်တွေအနေနှင့် စည်ပင်မှ သူတို့လာရောက် ရောင်းချသည့် ရက်တွေသာ ဈေးခွန် ကောက်ခံသည်ဟု သိရသည်။

ဈေးဆိုင်အခွန်များလျော့ချရန် ပြုလုပ်သွားသည့် အစည်းအဝေးသို့ ဈေးသည် ၃၄ ဦးနှင့် သက်ဆိုင်ရာ စည်ပင်ကော်မတီများက တက်ရောက်ခဲ့ကြသည်။

Written by ရှားမြာ
http://www.ktimes.org/index.php/news/1153-2015-02-19-06-42-23
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment