ဒုက္ခသည် ၃ သောင်းကျော် ခိုလှုံလာဟု တရုတ်ကြေညာ


လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
မြန်မာနိုင်ငံမှာ အစိုးရစစ်တပ်နဲ့ ကိုးကန့် လက်နက်ကိုင် အဖွဲ့အကြား တိုက်ပွဲ တွေကြောင့် ဒုက္ခသည် ထောင်ပေါင်းများစွာဟာ တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ယူနန်ပြည်နယ်ထဲကို ထွက်ပြေး လာကြ တယ်လို့ တရုတ်နိုင်ငံက ပြောလိုက်ပြီး ထိန်းထိန်း သိမ်းသိမ်း လုပ်ကြဖို့ ထပ်ပြီး တောင်းဆို လိုက်ပါတယ်။

“အခုချိန်ထိဆိုရင် မြန်မာနိုင်ငံ နယ်စပ်ဒေသမှာ နေထိုင်သူ ၃ သောင်းကျော်ဟာ တရုတ်နိုင်ငံထဲဝင်လာပြီး နေထိုင်နေတယ်လို့ ယူနန်ပြည်နယ်က သတင်းထုတ်ပြန်ထားပါတယ်။ လူသားချင်း စာနာထောက်ထားတဲ့ အရင်းခံနဲ့ အစားအစာ၊ ဆေးဝါးနဲ့ ကပ်ရောဂါကာကွယ်ရေးလို သင့်တင့်လျောက်ပတ်တဲ့ အစီအစဉ်၊ အကူအညီတွေ တရုတ်နိုင်ငံက ပေးထားပါတယ်။” - လို့ တရုတ် နိုင်ငံခြားရေးဌာနပြောခွင့်ရ Hua Chunying က ပြောသွားတာပါ။

ပဋိပက္ခမှာပါဝင်နေတဲ့ ဘက်အားလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပြီး အထူးသဖြင့် တရုတ်နိုင်ငံဘက်ခြမ်းက လုံခြုံရေးအပေါ် သက်ရောက်မှု မရှိအောင် ရှောင်ရှားပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရစေဖို့အတွက် နောက်ထပ် အရှိန်တက်လာစေမယ့် အခြေအနေမျိုးကို ရှောင်ရှားကြပါလို့လည်း တရုတ်နိုင်ငံခြားရေးပြောခွင့်ရက တောင်းဆိုသွားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ သူတို့ဆီမှာရောက်နေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်အရေအတွက်ကို ထုတ်ဖော်ကြေညာတာ ဒါဟာ ပထမဆုံး အကြိမ်ပါပဲ။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်မှာ MNDAA လို့ခေါ်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲတွေကြောင့် ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်နေတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/kokant-refugee-china/2647178.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment