ကိုးကန့်တိုက်ပွဲ ပါဝင်ပတ်သက်သည့် လက်နက်ကိုင်အဖွဲ့များကို အစိုးရ ထုတ်ပြန်


ဖေဖော်ဝါရီ ၁၅ ရက်ကနေ  ၁၇ ရက်အထိ ကိုးကန့်ဒေသ လောက်ကိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေမှာ အစိုးရတပ်က ၃ ဦး ကျဆုံးခဲ့ပြီး အရာရှိ ၁ ဦးနဲ့ စစ်သည် ၂၆ ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လောက်ကိုင်ဒေသကို သွားရောက်တဲ့ တပ်မတော်စစ်ကြောင်းနဲ့ စစ်ကူတွေအပါအ၀င် အုပ်ချုပ်မှု ကိစ္စရပ်တွေ အခက်အခဲ ဖြစ်စေဖို့ ရည်ရွယ်ပြီး ကိုးကန့်တပ်ဖွဲ့တွေအပြင် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) ရှမ်းပြည်တပ်မတော် (ဝမ်ဟိုင်း) အဖွဲ့တွေပူးပေါင်းပါဝင် တိုက်ခိုက်တယ်လို့ ရေးသားထားပါတယ်။

ဒါဟာ အစိုးရဘက်က ကိုးကန့်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်တဲ့ တပ်ဖွဲ့အမည်တွေကို ပထမဆုံးထုတ်ဖော်ပြောဆိုတာဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချူပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံစဉ်က ကာကွယ်ရေးဦးစီးချပ်က  အခုတိုက်ပွဲတွေမှာ အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ  ပါဝင်ပတ်သက်တဲ့ အထောက်အထားတွေ ရှိနေပြီး အဲဒီ့အတွက် တာဝန်ယူရမယ်လို့ ပြောကြား ခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းတွေဆိုတာတော့ ထည့်သွင်းမပြောဆိုခဲ့ဘဲ အခုမှ အဖွဲ့နာမည်တွေကို ထုတ်ပြောလာတာဖြစ်ပါတယ်။

ကေအိုင်အေကတော့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်မှု မရှိကြောင်း ကေအိုင်အေပြောခွင့်ရ ဦးလနန်က ဒီဗွီဘီကို ပြောကြားထားပါတယ်။

တီအန်အယ်လ်အေကတော့  ကိုးကန့်တပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း အစောပိုင်းကတည်းက ဒီဗွီဘီ ကိုပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/?p=82295
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment