မိကျောင်းကန်သပိတ်စခန်း မရုတ်သိမ်းဘူးလို့ ဆန္ဒပြ သူတွေ ပြောကြား

ရန်ကုန်မြို့ မြို့တော်ခန်းမအနီး မိချောင်းကန်သပိတ်စခန်းမှ ဆန္ဒပြနေသူတချို့ကိုတွေ့ရစဉ်။ Photo: San Maw Aung/ RFA
ရန်ကုန်မြို့ မြို့တော်ခန်းမအနီးက မိကျောင်းကန်သပိတ် စခန်းကိုဖယ်ရှားပေးဖို့ ကျောက်တံတား မြို့နယ်အုပ် ချုပ်ရေးအဖွဲ့က သတိပေးထားပေမဲ့ သပိတ်စခန်းကို ရုတ်သိမ်းမှာမဟုတ်ဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက ဒီနေ့မနက်မှာလာပြီး သတိပေးသွားတာဖြစ်တယ်လို့ မိကျောင်းကန်သပိတ် စခန်းမှာ ဆန္ဒပြနေသူ ဒေါ်ချိုက ပြောပါတယ်။

" လူကြီးတွေ ၁၀ ယောက်ကျော်လောက် လာခေါ်တယ်၊ အရှေ့ကိုခဏလောက်ထွက်ခဲ့ပါတဲ့၊ သူတို့က ဒီမှာလမ်းဖောက်နေပြီ တဲ့၊ မြောင်းဖောက်နေပြီ၊ ဖယ်ပေးရတော့မယ်တဲ့၊ သူတို့လဲဆက်ဖောက်မယ်ပေါ့နော်၊ ခင်ဗျားတို့လဲ ဒီမှာနေနေတာရက်အတော်ကြာနေပြီပေါ့၊ ပြီးတော့လဲထောင်ကျတဲ့သူကကျနေပြီပေါ့၊ အဖမ်းအဆီးတွေလဲ ခံနေရတယ်ပေါ့၊ ကိုယ့်အိမ်ကိုပြန်ပြီးတော့၊ နေပြီးတော့တောင်းဆိုကြပါတဲ့၊ အဲ့လိုပြောတယ်၊ မိချောင်း ကန်မြေနေရာသော်လည်းကောင်း၊ မိချောင်းကန်မြေနဲ့တန်တဲ့ငွေသော်လည်းကောင်း၊ အချက် ၄ ချက်တောင်းဆိုထားပါတယ်၊ ဒါပေမဲ့သူတို့ရဲ့အဖြေအတိအကျ မသိရသေးခြင်းတော့ ရွှေ့ပြောင်းပေးလို့ မရသေးဘူးပေါ့ "

သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ က သိမ်းဆည်းခံရတဲ့ မြေနေရာ တွေပြန်လည်ရရှိဖို့အတွက် မြို့တော်ခန်းမအနီးမှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေတာ အခုဆိုရင် ၁၁ လနီးပါးရှိနေပြီ ဖြစ်ပါတယ်။

မိကျောင်းကန်သပိတ်စခန်းက ဦးဆောင်သူ ဦးစိန်သန်းဟာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရပြီး မြို့တော် ခန်းမကို ပိတ်ဆို့ဆန္ဒပြခဲ့သူ ၁၄ ဦး လည်း ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/migaungkan-residents-remove-protest-02252015121903.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment