နေရောင်ခြည်သုံး လျှပ်စစ်မီး ဝါယာရှော့ဖြစ်ရာကနေ ကျေးလက်နေအိမ် ၅ လုံးမီးလောင်




ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၅

နေရောင်ခြည်သုံး လျှပ်စစ်မီး ဝါယာရှော့ဖြစ်ရာမှ သျှမ်းပြည်တောင် ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဝပ် ကျေးရွာအုပ်စု အတွင်း နေအိမ် ၅ လုံး မီးလောင်ပြာကျသွားသည်ဟု ဒေသခံများ ကပြောသည်။

ဖေဖေါ်ဝါရီ ၁၅ ရက် မွန်းတည့် ၁၂ နာရီအချိန် သျှမ်းပြည်တောင် ပိုင်း ကျေးသီးမြို့မြောက် ဘက် မိုင် ၂၀ ကျော်အကွာ ဝမ့်ဝပ်ကျေး ရွာ အုပ်စု ကောင်းလန်းကျေးရွာတွင် နေရောင်ခြည်သုံး လျှပ်စစ်မီးလင်းရေးစနစ် (ဆိုလာစစ်စတမ်) ဝါယာကြိုး ရှော့ဖြစ်ရာမှနေအိမ် ၅ လုံး မီးလောင် ပြာ ကျခဲ့ပြီး ကျပ်ငွေ သိန်းပေါင်းရာချီဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

“ အဲဒီအဒေါ်က သူ့အိမ်မီးလောင်တာ သူမသိဘူး။ မီးလောင်တယ်လို့ ကျမ တို့ပြောတော့ သူက သူ့အိမ်နောက်ဖေး၊ အိမ်တွင်း၊ အိမ်ရှေ့ လိုက်ရှာသေး တယ် မတွေ့ဘူး။ အပေါ်ကို မော့ကြည့် တော့ ခေါင်မိုးက မီးလောင်နေပြီ။ ဆိုလာပြားကို ဆက်တဲ့ ဝါယာကြိုးက မီးအားများ ပြီးမခံ နိုင်လို့။ မီးထိန်းတဲ့ ကိရိယာလဲ မရှိလို့။ ဆိုလာစနစ်ကို နားမလည်ဘဲ တပ်ဆင် အသုံးပြု ထားတယ်။ နည်းစနစ် လိုအပ်နေတယ်လို့ဘဲ ထင်တယ်” - ဟု ဒေသခံ နန်းခမ်းယိန်း က ပြောသည်။

မီးလောင်မှုကြောင့် ဆိုင်ကယ်နှင့် ဓါတ်ဆီပုံးများ ပေါက်ကွဲကြောင်း၊ အချို့ အိမ်တွင် ကျပ်ငွေ သိန်း ၅၀ - ၆၀ ငွေသားဆုံးရှုံးမှုရှိကြောင်း၊ အိမ်တန်ဖိုးနှင့် အိမ်တွင်းပစ္စည်း ကာလ တန်ဖိုး ကျပ်ငွေသိန်းပေါင်း ရာဂဏန်းဆုံးရှုံးကြောင်း သိရှိရသည်။

ဝမ့်ဝပ်ကျေးရွာအုပ်စု ကောင်းလန်းရွာသည် ၂၀၁၄ ဂျွန်လမှ စ၍ အောက်တို ဘာလဆန်းပိုင်း အထိ သျှမ်းပြည်တပ်မတော် တာ့ဖါဆောင် တပ်စခန်း အား အစိုးရတပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်စဉ် စစ်ဘေးစစ်ဒဏ်ခံရ သည့် ကျေးရွာလည်း ဖြစ်သည်။

“ကျနော်တို့ မိုင်းပေါက်မှာလဲ မီးလောင်တယ်။ ဈေးတခုလုံးဘဲ။ ဆိုင်ခန်း၊ လူနေ တန်းလျား တွေမီး လောင် တယ်။ ၀ အာဏာပိုင်လဲ မီးလာ မကူငြိမ်းပေး နိုင်ဘူး။ မနေ့က မှ ထောက်ပံ့မှု တချို့လာပေးတယ်” - ဟု ဒေသခံ ဦးဆိုင်းနပ်က ပြောသည်။

ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင်ပင် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့ မြောက်ဘက် မိုင် ၁၀၀ ကျော် ကွာဝေးသည့် မိုင်းယန်းမြို့နယ် မိုင်းပေါက်မြို့ UWSA ၀ တပ်ဖွဲ့ထိန်းချုပ်နယ်မြေ မိုင်းပေါက်ဈေး နှင့် ဈေးအနီး နေအိမ်အချို့ မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုကြောင့် ကာလတန်ဖိုး တရုတ်ယွမ်ငွေ သန်းပေါင်းများစွာ ဆုံးရှုံးခဲ့သည်ဟု ဈေးအနီးနေထိုင်သည့် ဦးယီ့မိန်းကပြောသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment