နိုဝင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု သမ္မတ အတည်ပြု


၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ သမ္မတဦးသိန်းစိန်က သူ့ရဲ့ မတ်လ ရေဒီယိုမိန့်ခွန်းမှာ အတည်ပြုပြောကြားလိုက်ပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးအင်အားစုများအားလုံး အင်တိုက်အားတိုက် ၀င်ပြိုင်ကြမယ့် ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့လည်း သမ္မတက ထပ်လောင်းပြောကြားလိုက်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်လိမ့်မယ်လို့လည်း ဆိုလိုက်ပါတယ်။

သမ္မတဦးသိန်းစိန်က ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးအရ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုများရှိတာဟာ သဘာဝကျတဲ့ ကိစ္စဖြစ်တယ်။ တဖက်မှာလည်း မိမိတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်အတွက် အင်တိုက်အားတိုက် ယှဉ်ပြိုင်ကြတဲ့အခါ တဖက်နဲ့ တဖက် အပြန်အလှန် လေးစားမှု၊ နားလည်မှု၊ သဘောထားကြီးမှုများနဲ့ မိမိတို့ရဲ့ရည်မှန်းချက်ကို ရရှိဖို့ ကြိုးပမ်းရန် လိုအပ်ကြောင်းလည်း အလေးအနက် တိုက်တွန်းပြောကြားလိုပါတယ်လို့ ထည့်သွင်းပြောကြားသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment