ဆင်ဖြူ ထပ်ပေါ်ဟု အစိုးရ သတင်းထုတ်

ဓာတ်ပုံ (MOI ဖေ့ဘွတ်ခ်)
ရတနာဆင်ဖြူ တော် ထပ်ပေါ်ပြန်ပြီလို့ မြန်မာ အစိုးရက ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် သလပ်ခွာကြိုးဝိုင်း၊ အကွက်အမှတ်(၈)၊ သစ်ပုတ်ချောင်း ဖျားမှာ ဖေဖော်ဝါရီ ၁၇ ရက်က ရတနာဆင်ဖြူတော်ပေါ်ထွန်းခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။

အခုဆင်ဖြူဟာ အမဖြစ်ပြီး အသက် ၇ နှစ် ခန့်မှန်းအရပ်အမြင့် ၆ ပေ ၃ လက်မရှိတယ်လို့ ဆိုပါတယ်။

နှစ်ဦးမှာ အခုလို ရတနာဆင်ဖြူတော်ပေါ်ထွန်းတာ တိုင်းပြည်ကျက်သရေတိုးစေသလို နိုင်ငံတော်အတွက် ကျက်သရေ အဖြာဖြာတိုးပွားစေသလို ပြည်သူများ ဘေးကင်းပြီး သာယာဖွံ့ဖြိုးတိုးတက်စေမယ် နိမိတ်ဖြစ်တယ်လို့လဲ သတင်းထုတ်ပြန်ချက်က ရေးပါတယ်။

ခုဖမ်းမိတဲ့ ဆင်ဖြူဟာ ကိုးကောင်မြောက်ဖမ်းမိတဲ့ ဆင်ဖြူဖြစ်တယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment