စိတ်ကောင်းလေးပဲ အရင်းထည့်ပါ



လောကမှာ ပန်းရောင်းပြီး အသက်မွေးကြတဲ့သူတွေ ရှိကြသလို၊ ရေရောင်းပြီး ၀မ်းစာရှာရတဲ့ လူမျိုးတွေလည်း
ရှိကြပါတယ်။ ဘ၀အရဲ့ အခက်အခဲ ခရီးလမ်းကို မတူညီတဲ့ ပုံစံ အမျိုးမျိုးတွေနဲ့ လျှောက်လှမ်းနေကျတာပါပဲ။

ပန်းရောင်းတဲ့ သူကလည်း ပန်းရောင်းတဲ့ အလုပ်ဟာ ဘယ်လောက်ကောင်းကြောင်း၊ ဘယ်လို ကုသိုလ် အကျိုးပေး
တွေ ရနိုင်ကြောင်း ပြောကြသလို၊ ရေရောင်းတဲ့ သူများကလည်း ရေကျိုးဆယ်ပါး ကုသိုလ်တွေရဖို့ သူတို့ တွေက
အပင်ပန်းခံပြီး လုပ်နေရကြောင်း၊ ရေ အသက်ဟာ လောကအတွက် အလွန်တန်ဖိုးရှိလို့ သူတို့ အလုပ်က မွန်မြတ်လှ
ကြောင်း ပြောကြတာပါပဲ။

ကိုယ်က သူတို့ ပြောတိုင်းသာ ပန်းတွေရောင်း၊ရေတွေ ခပ်ရောင်းနေရရင်ဖြင့် တစ်လောကလုံး ပန်းရောင်းသူနဲ့ ရေ
ရောင်းသူတွေချည်း ဖြစ်နေတော့မှာပေါ့။ လောကကို အကျိုးပြုတဲ့ အလုပ်တွေဟာ အများကြီးပါပဲ။ ကိုယ်တတ်နိုင်တဲ့
တစ်ထောင့်တစ်နေရာကနေ ပါဝင် အားဖြည့်လို့ ရပါတယ်။

သူများလုပ်တဲ့ အလုပ်က အများအကျိုးကို ဆောင်ရွက်နေတာဆိုရင် ကိုယ်ကလည်း အားပေးကူညီနိုင်ရမယ်လေ။ သူ့ ရဲ့
အလုပ်ကိုလည်း အားပေးနိုင်တဲ့ စိတ်ဓာတ်မျိုး မွေးနိုင်ရသလို၊ ကိုယ့်အလုပ်နဲ့  ပေါင်းစပ်ပြီး ဒီ့ထက် အကျိုးရှိ
မည့် အလုပ်မျိုးဖြစ်လာအောင်လည်း တွေးတောကြံစည်နိုင်ရပေမည်။

မိမိမှာ ဘာမှ မချမ်းသာဘူးဆိုရင်လည်း၊ ဘာမှ မတတ်နိုင်ဘူးဆိုရင်လည်း စိတ်ကောင်းစိတ်မြတ်လေးတော့ အရင်း
ထည့်လို့ ရနိုင်ပါတယ်။ မြင့်မြတ်တဲ့ သဒ္ဒါစိတ်မျိုးလေးသာရှိမယ်ဆိုရင် ပန်းရောင်သူဆီက ပန်းလေးဝယ် ဘုရားမှာ
လှူဒါန်း၊ ရေရောင်းသူဆီက ရေလေးဝယ် ဘုရားကို ရေသက်ပါယ်ပြီး အကျိုးရှိအောင် လုပ်လိုက်ပါ။

ပြီးရင် သတ္တ၀ါတွေ ကျန်းမာစေကြောင်း၊လောက ကြီး သာယာစေကြောင်း၊ အေးမြစေကြောင်း ဆုမွန်ကောင်းလေး
တွေ၊ မေတ္တာဓာတ်လေးတွေ ပို့ သပေးရင် အင်မတန် တန်ဖိုးရှိတဲ့ အကျိုးအမြတ် ဖြစ်သွားပြီပေါ့။ ကိုယ့်ရဲ့ သဒ္ဒါတရား
နဲ့ သူများတွေရဲ့ ကောင်းမွန်တဲ့ လုပ်ရက်ကလေးတွေကို ပေါင်းစပ်ပြီး လုပ်လိုက်တဲ့ အတွက် အရာခပ်သိမ်း တန်ဖိုးရှိ
သွားတာပါပဲ။

ဒါကြောင့် ” မတူတာလေးတွေဖယ် တူတာလေးတွေဆယ် ” ယူလို့ ရပါတယ်။ ဒီလိုလေးသာ ကောင်းမွန်တဲ့ အကျင့်
လေးတွေကို များများ လုပ်ဆောင်သွားမယ် ဆိုရင် လူတိုင်းလိုလို တန်ဖိုးရှိသွားမှာပါ။ ကောင်းတဲ့ အလုပ်တွေလည်း
များများ လုပ်ဖြစ်သွားတော့မှာပါ။ ဒါကြောင့် မတူညီတဲ့ အရာတွေထဲကနေ တူညီတဲ့အချက်ကလေးတွေကို လက်ခံ
အသုံးပြုနိုင်ကြပါစေလို့  အကြံပြုရေးသားလိုက်ပါတယ်။

Credit: True Man
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment