နမ့်ခမ်းမြို့ဒေသခံများစုပေါင်းပြီး တရုတ်ပို့မည့် သတ္တုကျောက်တင် ကားများအား ပိတ်ပင်တားဆီး


ဖေဖော်ဝါရီလ ၂၇ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ တရုတ်နိုင်ငံ သို့ တင် ပို့မည့် သတ္တုကျောက် အပြည့်တင် ကုမ္မဏီ၏ကားတန်း ကို ဒေသခံပြည်သူ များစုပေါင်းပြီး ဝိုင်းဝန်းတားဆီးသည့်ဖြစ်ရပ်တစ်ခု ယမန် နေ့ က ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ သတ္တုကျောက်တင်ကားများသည် ငွေကမ္ဘာကျော် သတ္တုတူးဖော်ရေး ကုမ္မဏီမှ ကားအချို့ နှင့် ကုမ္မဏီမှ ဌားရမ်းထားသော နမ့်ခမ်းမြို့ ဒေ သခံ တစ်ချို့၏ ကားများဖြစ်ကြပြီး မြို့အနောက် တောင်ဘက်ရှိ ဟွေ့အို့ကျေးရွာ သတ္တုတူး ဖော်ရေးစခန်းမှ တူးဖော်နေသည့် သတ္တုကျောက်များ ဖြစ် ကြကြောင်း နမ့်ခမ်းမြို့ SNLD ကျားခေါင်းပါတီ ဥက္ကဌ စိုင်းလိန်မြတ် ကဆိုသည်။

သတ္တုကျောက်တင်ကားတွေကို ဒေသခံ အယောက် ၃၀၀ ခန့် ကဝါးလုံးတွေ နဲ့တား လမ်းပိတ် ကြရာ ညနေ ၃: ၃၀နာရီမှ ညနေ ၅:ဝဝ နာရီ ဝန်းကျင် ခန့်အထိ ဖြစ်ကြောင်း နမ့်ခမ်းမြို့ SNDP ကျားဖြူ ပါတီ အတွင်းရေးမှူး စိုင်းထွန်းလှ ကဆိုသည်။

ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်လာတယ်။ မြို့နယ်အုပ်ချုပ် ရေးမှူးရုံး မှာ ဒေ သခံတွေနဲ့ သတ္တုတူးဖော်ရေးတာဝန်ရှိသူတွေ နဲ့ ပြေပြေလည် လည်ဖြစ်ေ အာင် တွေ့ဆုံ ဖြေရှင်းပေးခဲ့ တယ်။ ငွေကမ္ဘာကျော် ကုမ္မဏီတာဝန်ခံ (ဗိုလ်ကြီးဟောင်း) ဦးအောင်ဝင်းကို ဒေသခံ ပြည် သူလူထုနဲ့ မညှိနှိုင်း မတိုင်ပင်ပဲနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း မလုပ်ပါနဲ့လို့လည်း ပြော လိုက် တယ်။ နောက်ပြီး ကျနော်တို့ ဒီ မြို့ အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ ငွေကမ္ဘာေ ကျာ် ကုမ္မဏီ ရဲ့ သတ္တုတူးဖော်မှုကြောင့် လယ်သမားတွေ အားထားရတဲ့ နမ့်ဆီးရီးချောင်း ပျက်စီးသွား တဲ့အပေါ် အမြန်ဆုံး ပြန်လည်ပြုပြင်ပေးဖို့ လည်း ပြောသွားတယ်။” ဟု ၄င်းက သျှမ်းသံ တော်ဆင့်အားပြောသည်။

အဆိုပါ သတ္တုတင်ဖို့ကားများ ဟွေ့အို့ဘက်သို့တက်သွားကြောင်း ၂၅ ရက်နေ့ကတည်းက သျှမ်းနိုင်ငံရေးပါတီ ၂ ခုမှ တာဝန်ရှိသူများနှင့် လယ် သမားခေါင်းဆောင်များစုပေါင်းပြီး အုပ်ချုပ်ရေးရုံးသို့ သွားရောက် ပြောဆို သတင်းပေးပို့ခဲ့သည်။ မြို့ခံချင်း ထိပ်တိုက်တွေ့စရာမလိုအောင်၊ မလိုလားအပ်သည့် ပြဿနာများ မဖြစ်လာအောင်သတ္တုတင်ပို့မှုအား တားမြစ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

၎င်းနှင့်ပတ်သက်၍ အဆိုပါ သတ္တုတင်ယာဉ်တန်းအား တားဆီး၍ မရခဲ့ကြောင်း မြို့နယ်ရဲမှူးကြီးကဖုန်းဆက်အကြောင်းကြားခဲ့သည်ဟုလည်း စိုင်းလိန်မြတ်က သျှမ်းသံတော်ဆင့်အားပြောသည်။

“ အဲ့ကျောက်တင်ကားကို လုံခြုံရေးယူပေးနေတဲ့အဖွဲ့ က ကောင်းခါး KDA ပြည်သူ့ စစ်တပ်ဖွဲ့ တွေဖြစ်နေလို့တဲ့ မြို့နယ်ရဲမှူးကြီး က အုပ်ချုပ်ရေး အထောက်အကူပြုအဖွဲ့ ကို ဖုန်းဆက်တယ်။ ဟွေ့အို့ ကနေ သတ္တုသယ်ေ ဆာင်ပြီးအပြန် ကောင်းကတ်ကျေးရွာမှာ တား သေးတယ် တားလို့မရဘူးတဲ့။”

လယ်သမားခေါင်းဆောင် စိုင်းဆမ်မွန် က “ အရင်ကတည်းက ပန်ခါးရွာမှာ သတ္တုထုတ်လုပ်မှု ကြောင့် နမ့်ဆီးရီးချောင်းတစ်လျှောက်ရှိ စိုက်ပျိုးမြေတွေ ပျက်စီးဆုံးရှုံးနေတာကိုတောင် ပြန်လည်မပြုပြင်ပေးသေးဘဲနဲ့ အခု နေပြည်ေ တာ် အစိုးရဆီက ပါမစ်တောင်းပြီး ဟွေ့အို့ ရွာမှာ ထပ်တူးမယ်ဆိုတော့ ဒါ မဖြစ်သင့်တဲ့ကိစ္စ ပဲ” ဟု ၄င်းက ဆိုသည်။

အဆိုပါ ငွေကမ္ဘာကျော်သတ္တုတူးဖော်ရေးကုမ္ပဏီမှ သတ္တုတူးဖော် သယ်ဆောင်ခွင့်ပါမစ် ရရှိထားသည့်ကိစ္စကိုလည်း သျှမ်းပြည် သတ္တုတွင်းဝန်ကြီး(SNDP ကျားဖြူပါတီ ဥက္ကဌကြီး) ဦးစိုင်းအိုက်ပေါင်းမှ မသိရှိရဟုလည်း ပြောဆိုပါသည်။

နမ့်ခမ်းမြို့နယ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီများမှာ ငွေကမ္ဘာကျော်၊ စိန်ပဒေသာ၊ မြန်မာ့မြှားဦး၊ GSM နှင့် တရုတ်နိုင်ငံသား များက ရှယ်ရာအများစု ထည့်ဝင်ထားသော အခြားသော သတ္တုတူးဖော်ရေးကုမ္ပဏီများရှိပါသည်။

သျှမ်းသံတော်ဆင့်၊ စိုင်းလုံ
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment