စစ်ပြေးဒုက္ခသည်များ ကွမ်းလုံကို ထပ်မံရောက်ရှိ


ကိုးကန့်ဒေသတိုက်ပွဲတွေကြောင့် ရှေ့တန်းကယ်ဆယ်ရေးစခန်းမြို့ဖြစ်တဲ့ ကွမ်းလုံမြို့ ကို ဖေဖော်ဝါရီ ၂၅ တရက်တည်းမှာ စစ်ပြေးဒုက္ခသည် အယောက် ၂၀၀ လောက် ထွက်ပြေးရောက်ရှိလာကြပါတယ်။

အများစုဟာ တောင်တွင်းကြီးဘက်က ကြံစိုက်တောင်သူတွေဖြစ်ပြီး မနက်ပိုင်းမှာ ၂၇ယောက်၊ ညနေပိုင်းမှာ ၁၇၀ကျော် ချင်းရွှေဟော်ကနေ လမ်းလျှောက် ရောက်ရှိလာကြတာလို့ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသိန်းညိုက ပြောပါတယ်။

ကွမ်းလုံဆေးရုံမှာ လတ်တလော ကားမှောက်ပြီး ဒဏ်ရာရလို့ ဆေးရုံတင်ထားရတဲ့လူနာ ၄ ယောက်ရှိပြီး ဒီထဲ နှစ်ယောက်က အကျဉ်းသူတွေ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က လောက်ကိုင်၊ စီအောအကျဉ်းထောင်က အကျဉ်းသားတွေ တင်ဆောင်လာတဲ့ ကားဟာ ချင်းရွှေဟော်မြို့အနား ပစ်ခတ်တိုက်ခိုက်ခံရပြီး ကားပေါ်ပါ အကျဉ်းသူ ၄၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/83252
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment